ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ ဦးထွန်းညိုလမ်း၊ အမှတ် (၅၂) ရှိ Mrs.Tse Yuet Yu ပိုင်ဆိုင်သည့် AMG Factory Limited အထည်ချုပ်စက်ရုံရှိ အလုပ်သမားများက စက်ရုံတွင် ဒေးကြေး ကျပ် ၅၆၀၀ တိုးပေးရန်နှင့် အချိန်ပိုကြေးကို ဥပဒေနှင့်အညီ ပေးစေလိုကြောင်း၊ အလုပ် သမားများ၏ အခွင့်အရေးများတောင်းဆိုမှုများကြောင့် အလုပ်သမား ခေါင်းဆောင်များ အား စက်ရုံမှ ခြိမ်းခြောက်ခြင်းများ ပြုလုပ် ကြောင်း၊ စက်ရုံမန်နေဂျာမှ ၃ လမှ ၆ လအထိ လုပ်သက်ရှိ အလုပ်သမားများအား ကျပ် ၅၄၀၀ တိုးပေးပြီး ကျန်တောင်း ဆိုချက်များ ဖြစ်သည့် ရက်မှန်ကြေးနှင့် နှစ်ကြေးများ မတိုးပေးနိုင်ဟု ပြောဆိုကြောင်း၊ အလုပ်သမားများမချုပ် လုပ်နိုင်သည့် အထည်စံချိန်များကို တောင်းခံကြောင်း၊ လူမှုဖူလုံရေးဆေးခွင့်များ ယူပါက ငွေကြေးခံစားခွင့်များကို လစာတွင်ထည့်ပေးစေလိုကြောင်း သိရှိရပါသည်။
အဆိုပါသတင်းဖော်ပြချက်နှင့်ပတ်သက်၍ ၂၇-၆-၂၀၂၃ ရက်နေ့တွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနတို့ပါဝင်သည့် ဝန်ကြီးဌာနအောက်ရှိ မြို့နယ်ပေါင်းစပ်အဖွဲ့မှ တာဝန်ခံအရာရှိများ သည် စက်ရုံသို့သွားရောက်၍ မန်နေဂျာ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၊ အခြေခံအလုပ်သမားအဖွဲ့အစည်း အဖွဲ့ဝင်များနှင့် အလုပ်သမား ကိုယ်စားလှယ် (၂၅)ဦးတို့အား တွေ့ဆုံ၍ စစ်ဆေးမေးမြန်းချက်များအရ အောက်ပါတို့ကို သိရှိရပါသည်-
(က) စက်ရုံ၏သာမန်အလုပ်ချိန်မှာ (၀၇:၃၀)နာရီမှ (၁၆:၀၀)နာရီအထိဖြစ်ပြီး ထမင်းစားနားချိန်အဖြစ် (၁၁:၃၀)နာရီမှ (၁၂:၀၀)နာရီအထိ အနားပေးထား ပါကြောင်း၊ အချိန်ပိုကို(၁၆:၃၀)နာရီမှ (၁၈:၃၀)နာရီအထိ လုပ်ကိုင်လျက်ရှိပါ ကြောင်းနှင့် အချိန်ပိုကြေးအား ဥပဒေနှင့်အညီ ရရှိ်ပါကြောင်း၊
(ခ) အလုပ်သမားများအတွက် လစာညှိနှိုင်းသတ်မှတ်ခြင်းကိစ္စနှင့်စပ်လျဉ်း၍ စက်ရုံရှိ အလုပ်သမားကိုယ်စားလှယ်များ၊ အခြေခံအလုပ်သမားအဖွဲ့အစည်း ဝင်များနှင့် ဆွေးနွေးခဲ့ပြီး ဒေးကြေးတိုးပေးမည့်ပုံစံများကို အလုပ်သမား များအား အစည်းအဝေးပြုလုပ်၍ ပြောကြားခဲ့ပြီးဖြစ်ရာ အလုပ်သမားများ မှလည်း သဘောတူခဲ့ပြီးဖြစ်ကြောင်း၊
(ဂ) လစာတိုးမြှင့်ခြင်းနှင့်ပတ်သက်၍ လုပ်သက်အလိုက် ဒေးကြေးကို ကျပ် ၅,၀၀၀ ၊ ကျပ် ၅,၂၀၀ နှင့် ကျပ် ၅,၄၀၀ ဟူ၍ လတ်တလော သတ်မှတ်သဘောတူထားပြီး ကျပ် ၅,၆၀၀ သတ်မှတ်နိုင်ရေးအတွက် ဆက်လက်ညှိနှိုင်း ဆွေးနွေးလျက်ရှိပါ ကြောင်း၊
(ဃ) လုပ်ခလစာတိုးမြှင့်ပေးရန်နှင့် နှစ်ကြေးထပ်မံတိုးမြှင့်ပေးရန် ကိစ္စနှင့်ပတ် သက်၍ စက်ရုံတွင် အလုပ်သမားများ ဆန္ဒပြတောင်းဆိုခြင်းများ မရှိပါကြောင်း၊ ၁-၆-၂၀၂၃ ရက်နေ့မှစ၍ အခြေခံလစာတိုးမြှင့်ခြင်း စတင်မည်ဖြစ်ကြောင်း ကို အလုပ်ရှင်၊ အလုပ်သမားသဘောတူညီမှုရရှိထားပါကြောင်းနှင့် အလုပ်သမား အခွင့်အရေးတောင်းဆိုသော အလုပ်သမား ခေါင်းဆောင်များကိုလည်း စက်ရုံ ဘက်မှ ခြိမ်းခြောက်မှုများ မရှိကြောင်း၊
(င) စက်ရုံမှ အထည်စံချိန်တိုးမြှင့်တောင်းခံခြင်း မရှိကြောင်းနှင့် ဥပဒေပါခွင့်ရက်များ တောင်းခံပါက အခကြေးငွေဖြင့် ခံစားရရှိပါကြောင်း၊ လူမှုဖူလုံရေး ဆေးခွင့်များ ခံစားပါက ငွေကြေးအကျိုးခံစားခွင့်များ ဖြတ်တောက်ခံရခြင်းမရှိပါ ကြောင်း။
စိစစ်တွေ့ရှိချက်များအရ CMP စနစ်ဖြင့် လုပ်ကိုင်နေသည့် စက်ရုံဖြစ်ပြီး အလုပ်ရှင်၊ အလုပ်သမားအလုပ်ခန့်ထားမှု ဆိုင်ရာသဘောတူစာချုပ် (EC) ချုပ်ဆိုထားကြောင်း၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)ဖွဲ့စည်း ခြင်းကို အလုပ်သမားများ အားလုံးမှ မဲပေးရွေးချယ်ထားပြီး အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းထားပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားပါကြောင်းနှင့် အချိန်ပိုလုပ်ကိုင်ရာတွင် အချိန်ပိုခွင့်ပြု မိန့်ကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတွင် ခွင့်ပြုမိန့်ကြိုတင်လျှောက် ထားရယူ၍ လုပ်ကိုင်ဆောင်ရွက်နေသော စက်ရုံဖြစ်ကြောင်း တွေ့ရှိရပါသည်။
AMG Factory Limited အထည်ချုပ်စက်ရုံနှင့်ပတ်သက်သည့်သတင်းဖော်ပြထားမှု များအပေါ် အလုပ်ရှင်နှင့် အလုပ်သမားတို့အား စစ်ဆေးမေးမြန်းမှုများအရ မှန်ကန်မှုမရှိ ကြောင်း တွေ့ရှိရပါသည်။
အလုပ်သမားဝန်ကြီးဌာန