အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၈-၃-၂၀၂၅ ရက်နေ့၊ (၁၂:၅၀)နာရီခန့်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဘေးသင့်ခဲ့သော ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့ရှိ လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများကို သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀% ခွင့်ပြု ထုတ်ပေးခြင်းကို ၆-၅-၂၀၂၅ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်သော အမိန့်ကြော် ငြာစာအမှတ် (၁၀၄/၂၀၂၅) အရ အာမခံအလုပ်သမားများ၏ (၂/၂၀၂၅) လအတွက် ပေးသွင်းထား သော လုပ်ခလစာ၏ ၄၀% ကို စိစစ်ခွင့်ပြုရေးဆိုင်ရာဦးစီးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅၊ ၂/၂၀၂၅ နှင့် ၃/၂၀၂၅) တို့အရ စိစစ်ခဲ့ရာ ငလျင်ဘေးသင့်ခဲ့သည့် ပြည်ထောင်စု နယ်မြေ(နေပြည်တော်) နှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများအနက် အလုပ်ဌာန (၄၃၀) ဌာန ရှိ အာမခံအလုပ်သမား (၁၂,၀၀၆) ဦး အတွက် သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀% အဖြစ် ငွေကျပ် သန်း (၁,၀၇၀.၁၅၉) ကို ခွင့်ပြုခဲ့ပြီး Digital Payment စနစ်များဖြစ်သော KBZ Pay၊ AYA Pay၊ Wave Money UAB Pay၊ Trusty Pay စသည်တို့ဖြင့် အာမခံအလုပ်သမားများ၏ လက်ဝယ်အရောက် ၄-၇-၂၀၂၅ ရက်နေ့မှစ၍ ခွင့်ပြုထုတ်ပေးခဲ့ပါသည်။
မန္တလေးမြေငလျင် လှုပ်ခတ်မှုဖြစ်စဉ်ကြောင့် ငလျင်ဘေးသင့်ခဲ့သည့် ပြည်ထောင်စုနယ် မြေ(နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် (၆) ခုရှိ အာမခံလုပ်သားများအား သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ၄၀ % ခွင့်ပြုထုတ်ပေးခြင်းကို စိစစ်ခွင့်ပြုရေးဆိုင်ရာဦးစီးကော်မတီဖြင့် စိစစ်ပြီး ဆက်လက်ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ပါ သည်။

