အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                           မေ  ၆

          အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် Japan Myanmar Association (JMA)မှ ဥက္ကဋ္ဌဖြစ်သူ Mr. Watanabe Hideo နှင့်အဖွဲ့အား ယနေ့ နံနက် (၁၀:၀၀)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဦးဆောင်၍  ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ပြီး Japan Myanmar Association မှ Chairman ဖြစ်သူ Mr. Watanabe Hideo ၊ Secretary General  ဖြစ်သူ  Mr. Watanabe Yusuke ၊ Head of Indo-Pacific Economic- Development ၏ Councillor ဖြစ်သူ Ando Haruhiko နှင့် Japan Myanmar Association မှ Secretary to Chairman ဖြစ်သူ ဦးသက်စိန်တို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက  ဂျပန်နိုင်ငံသို့ G to G စနစ်ဖြင့် ဂျပန်နိုင်ငံရှိ တရားရေးဝန်ကြီးဌာန၊  နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေး၊ အလုပ်သမားနှင့် သက်သာချောင်ချိရေး ဝန်ကြီးဌာနတို့နှင့် မြန်မာနိုင်ငံ အလုပ် သမားဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (MoC)ရေးထိုး၍ သင်တန်းသား အလုပ်သမား ပို့ဆောင်လျက်ရှိသည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာအလုပ်သင် အလုပ်သမားများနှင့် ကျွမ်းကျင်လုပ်သားများ ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်ရာတွင် ဂျပန်ဘက်မှ လိုအပ်သည့်အကူအညီများ ပံ့ပိုးပေး နိုင်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်။

Japan Myanmar Association မှ ဂျပန်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံမှ သင်တန်းသား အလုပ်သမားများ ပိုမိုခေါ်ယူလိုမှုနှင့် အကောင်းမြင်မှုရှိသည့် အခြေအနေများ၊  သင်တန်းသား အလုပ်သမား ပိုမိုပို့ဆောင်နိုင်ရန် ဂျပန်-မြန်မာအသင်း အနေဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊  မြန်မာနိုင်ငံသည် ဂျပန် နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသည့် နိုင်ငံဖြစ်သည့်အလျောက် အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ် များကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွင် Japan Myanmar Association (JMA) မှ ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများ ပြန်လည်ဆွေးနွေးခဲ့ပါသည်။