ခုံသမာဓိကောင်စီ အလုပ်သမားကိုယ်စားလှယ်ရွေးချယ်ပွဲ၊ ရန်ကုန်တိုင်းဒေသကြီးခုံသမာဓိအဖွဲ့ အလုပ်သမားကိုယ်စားလှယ်ရွေးချယ်ပွဲတို့နှင့် ပတ်သက်၍ အလုပ်သမားအဖွဲ့အစည်းအချင်းချင်း သဘောထားကွဲလွဲခြင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့
ကန့်ကွက်စာများပေးပို့ခဲ့သဖြင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကန့်ကွက်စာပေးပို့ကြသော အလုပ်သမားအဖွဲ့အစည်းများတို့သည် ဇူလိုင်လ ၃၁ရက်( တနင်္ဂနွေနေ့)၊ နံနက် (၁၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ၄၃ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ သင်တန်းကျောင်း (ပင်လုံခန်းမ)၌ ပွင့်လင်းမြင်သာစွာဆွေးနွေးခဲ့ကြပါသည်။[download id=”837″]