၅-၆-၂၀၂၄ ရက်နေ့၊ ၁၄:၃၀ နာရီမှ ၁၆:၀၀ နာရီအထိ၊ အလုပ်သမားဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျွမ်းကျင်လုပ်သားများနှင့် စီးပွားရေးလုပ်ငန်းလာရောက်လုပ်ကိုင်သူများ ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကော်မတီဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးဦးဆောင်၍ ကော်မတီဝင်များ၊ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း (၃၅) ဦးဖြင့် ကျင်းပခဲ့ပြီး အစည်းအဝေးတွင် လုပ်ငန်းကော်မတီ၏ စုဖွဲ့မှု၊ အကောင် အထည်ဖော်ဆောင်ရွက်နေမှုနှင့် ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ရမည့် နှစ်အလိုက် အေအီးစီ လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးသုံးသပ်ခဲ့ကြပါသည်။