ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၌ လေအေးပေးစက်တပ်ဆင်/ပြုပြင်ခြင်း သင်တန်းအမှတ်စဉ် (၄/၂၀၂၂)ကို ၁၆-၁၂-၂၀၂၂ ရက်နေ့မှ ၁၇-၁-၂၀၂၃ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး)တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး ရန်ပုံငွေဖြင့် သင်တန်းသား (၂၅)ဦးဖြင့် ၁၉-၁၂-၂၀၂၂ ရက်နေ့တွင် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်၍ တက်ရောက်သူ (၅၀)ဦးဖြင့် လည်းကောင်း၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ပုသိမ်)၌ လေအေးပေးစက်တပ်ဆင်/ပြုပြင်ခြင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ကို ၂၀-၁၂-၂၀၂၂ ရက်နေ့မှ ၁၃-၁-၂၀၂၃ ရက်နေ့ထိ သင်တန်းသား (၂၀)ဦးဖြင့် ၂၀-၁၂-၂၀၂၂ ရက်နေ့တွင် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
