၁-၉-၂၀၂၃ ရက်နေ့မှ ၄-၉-၂၀၂၃ ရက်နေ့အထိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်း (ရန်ကင်း) ၌ ကျင်းပပြုလုပ်သော ကျွမ်းကျင်မှု “စံ” ရေးဆွဲနည်းသင်တန်း (Competency Standard Training) ဆင်းပွဲအခမ်းအနားကို မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) တွဲဖက်အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ Online မှတစ်ဆင့် သင်တန်းဆင်းပွဲကျင်းပခဲ့ရာ သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီမှ သင်တန်း သား (၁၇) ဦးနှင့် လူမှုဝန်ထမ်းဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ် ရေးကော်မတီမှ သင်တန်းသား (၃) ဦး စုစုပေါင်း သင်တန်းသား (၂၀) ဦးကို သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ခဲ့ရာ သင်တန်းနည်းပြဆရာ/ ဆရာမများနှင့် NSSA မှ တာဝန်ရှိသူများ အပါ အဝင် စုစုပေါင်း (၂၇) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းပွဲကို (၁၆: ၃၀) နာရီတွင် ရုပ်သိမ်း ခဲ့ပါသည်။
ကျွမ်းကျင်မှု “စံ” ရေးဆွဲနည်းသင်တန်းဆင်းပွဲအခမ်းအနား
Sep 15, 2023
Related Post
Inspector Training ဖွင့်လှစ်ပို့ချနေမှု
Jan 20, 2025