နေပြည်တော် ဖေဖော်ဝါရီ ၂၅
ကိုဗစ်-၁၉ ကူးစက်မှု ပြန်လည်များပြားလာသဖြင့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ အခက်အခဲများဖြေရှင်းရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် Virtual ဖြင့် ကျင်းပရာ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ခုံသမာဓိကောင်စီအဖွဲ့ဝင်များ၊ ခုံသမာဓိအဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစက်မှုနှင့်ကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံတောင်သူလယ်သမားစိုက်ပျိုးရေးနှင့်စားသောက်ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်၊ တံခွန်အားမာန်တောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအခြေခံ အလုပ်သမား အဖွဲ့အစည်း၊ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များနှင့် စက်မှုဇုန်အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါနှင့် အခြားစိန်ခေါ်မှုများရှိသော်လည်း၊ စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရေး၊ အလုပ်သမားများ အလုပ်လက်မဲ့ မဖြစ်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ အလုပ်သမားများ လုပ်ခ လစာ အချိန်မီရရှိနိုင်ရေး၊ အလုပ်သမားရေးရာအငြင်းပွားမှုများအား ဥပဒေနှင့်အညီ ဖြေရှင်းပေး နိုင်ရေးနှင့် လုပ်ငန်းခွင်များတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တိုင်ပင် ဆွေးနွေးပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး သုံးပွင့်ဆိုင် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊
စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမားများအား လုပ်ခလစာထုတ်ပေးနိုင်ရေး အတွက် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီမှ ဖွဲ့စည်း ပေးထားသည့် One Stop Service (OSS)တွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းတို့ကို တာဝန်ပေးအပ်ထားပြီး ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ စက်ရုံ၊ အလုပ်ရုံများရှိ HR ဝန်ထမ်းများနှင့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) အဖွဲ့ဝင်များ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး၊ အလုပ်သမားဥပဒေများပါ အကျိုးခံစားခွင့်များ၊ ကျန်းမာရေးအသိပညာပေးဆိုင်ရာကိစ္စရပ်များနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာကိစ္စရပ်များ သိရှိနိုင်ရေး အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက် ပေးခဲ့ကြောင်း၊
ကိုဗစ်-၁၉ အတည်ပြု အာမခံအလုပ်သမားလူနာ ၂၀ ဦး ကုသနိုင်ရေး ထန်းတပင် အလုပ်သမား ဆေးရုံကြီးတွင် ဆောင်ရွက်ထားရှိပြီး ကိုဗစ်-၁၉ Fourth Wave အတွက် ကုတင် (၄၀) ဆံ့အဖြစ် ပြင်ဆင်တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးရှိ အလုပ်သမားဆေးရုံကြီး(ထန်းတပင်)၌ တစ်ရက်လျှင် 40 Liter အောက်ဆီဂျင်အိုး ၈၀ ထွက်ရှိသည့် 20 Nm3 /h Containerized O2 Plant တစ်လုံး တပ်ဆင်၍ ရန်ကုန်အလုပ်သမား ဆေးရုံကြီးများ၏ အောက်ဆီဂျင်လိုအပ်ချက်နှင့် စက်မှုဇုန်မှ အလုပ်သမားများ၏ အောက်ဆီဂျင် လိုအပ်ချက်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
အလုပ်သမားဝန်ကြီးဌာနအနေဖြင့်လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှအာမခံအလုပ်သမားများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး နှံနိုင်ရေးဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် အာမခံအလုပ်သမားများအား ၂၃-၂-၂၀၂၂ ရက်နေ့ အထိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို အလုပ်ဌာန (၁၀၅၂၁) ဌာနမှ အလုပ်သမားများ (၇၅၂၇၆၀)ဦးနှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို အလုပ်ဌာန(၉၀၃၈)ဌာနမှ အလုပ်သမား စုစုပေါင်း(၄၇၂၈၃၉)ဦးတို့အား ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တာဆီးရေးလမ်းညွှန်ချက်များနှင့်အညီ ထိုင်းနိုင်ငံသို့ (MoU) စနစ်ဖြင့် မြန်မာအလုပ်သမားစေလွှတ်ခြင်းလုပ်ငန်းစဉ်များ ပြန်လည်စတင်ရန် မြန်မာ-ထိုင်း နှစ်နိုင်ငံဝန်ကြီးဌာနချင်း ညွှန်ကြားရေးမှူးချုပ်များသည် Video Conferencing စနစ်ဖြင့် အလုပ် သမားများအတွက် ဗီဇာကိစ္စ၊ လုပ်ငန်းစဉ်များနှင့် ကုန်ကျစရိတ်များ၊ Quarantine ကုန်ကျစရိတ်များ၊ Demand Letter များ စိစစ်လက်ခံရေးကိစ္စ၊ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးကိစ္စ၊ အလုပ်သမားစေလွှတ်/ လက်ခံနိုင်ရေးကိစ္စများကို ညှိနှိုင်း ဆွေးနွေး၍ ရွှေ့ပြောင်းလုပ်သားများစေလွှတ်နိုင်ရေး အထက်ဌာနများသို့တင်ပြပြီး လမ်းညွှန်ချက် များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊
၁-၂-၂၀၂၁ ရက်နေ့မှ ၃၁-၁-၂၀၂၂ ရက်နေ့အထိ အေဂျင်စီဖြင့်လည်းကောင်း၊ အဆင့်မြင့် ကျွမ်းကျင်လုပ်သားများအား မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ စင်ကာပူနိုင်ငံသို့ ၂၁၈၅ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂၂၅ ဦး၊ ဂျပန်နိုင်ငံသို့ ၂၆၂ ဦး၊ မလေးရှားနိုင်ငံသို့ ၈၄ ဦးနှင့် အခြားသော ၄၁ နိုင်ငံသို့ ၈၀၈ ဦး၊ စုစုပေါင်း အလုပ်သမား ၃၅၆၄ ဦးကို စေလွှတ်ခွင့်ပြုပေးခဲ့ရာ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေခဲ့ကြောင်း၊
မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ နှစ်နိုင်ငံ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့ကျလာ သဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ၂၉-၁၂-၂၀၂၁ ရက်နေ့မှစ၍ ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်သမားများ ပြန်လည်စေလွှတ် လျက်ရှိရာ ၂၀-၂-၂၀၂၂ ရက်နေ့အထိ Re-entry လုပ်သား ၁၆၂ ဦး၊ Regular လုပ်သား ၁၉၄ ဦး ၊ စုစုပေါင်း ၃၅၆ ဦး စေလွှတ်နိုင်ခဲ့ကြောင်း၊
Online ဖြင့် တက်ရောက်နေကြသည့် ကိုယ်စားလှယ်များအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများ၏ အမှန်တကယ် ကြုံတွေ့နေရသည့် အခက်အခဲများအား ဖြည့်ဆည်းပေးရန် လိုအပ်သည့်အချက်များကို ပွင့်ပွင့်လင်းလင်း အကောင်းဆုံးဆွေးနွေးအဖြေရှာပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းဆွေနွေးတင်ပြခဲ့ပြီး Online ဖြင့် တက်ရောက်လာကြသည့် အလုပ်သမားကိုယ်စားလှယ်များဖြစ်သည့် မြန်မာနိုင်ငံတောင်သူလယ်သမားစိုက်ပျိုးရေးနှင့်စား သောက်ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM-IUF) အဖွဲ့ဝင် ဒေါ်နန်းခင်မွှေး၊ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF) ဥက္ကဋ္ဌ ဦးစိုးမင်းအောင်၊ တံခွန်အားမာန်တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအခြေခံအလုပ်သမားအဖွဲ့အစည်း၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှ အတွင်းရေးမှူး ဦးမောင်မောင်နိုင်၊ Hua Bo Times အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း၊ ပုသိမ်မြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီးမှ ဥက္ကဋ္ဌ ဦးအောင်ကိုနိုင် တို့မှ အလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများ နှင့်ပတ်သက် ၍လည်းကောင်း၊ အလုပ်ရှင်ကိုယ်စားလှယ်များဖြစ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊ ဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် အဖွဲ့ဝင် ဒေါက်တာ ခင်မောင်အေး၊ Earth Tauura Electronic Myanmar Co.,Ltd၊ ဒါရိုက်တာ ဒေါ်သန်းသန်းမြင့်၊ စက်မှုလက်မှုနှင့်ကုန်ထုတ်လုပ် သူများအသင်း၊ တွဲဖက်အတွင်းရေးမှူး ဦးထွန်းထွန်း၊ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဦးဆန်းဦး တို့မှ အလုပ်ရှင်များဘက်မှ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်၍ သိရှိ လိုသည့်အချက်များ မေးမြန်းခြင်းကို လည်းကောင်း၊ ခုံသမာဓိကောင်စီအဖွဲ့ဝင် ဝန်ကြီးဌာန ကိုယ်စားလှယ် ဦးသောင်းစိန်၊ အလုပ်ရှင် ကိုယ်စားလှယ် ဦးသန်းမောင်နှင့် အလုပ်သမားကိုယ်စားလှယ် ဦးမောင်မောင်အေး၊ တိုင်းဒေသကြီး/ ပြည်နယ် ခုံသမာဓိအဖွဲ့ဝင်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးမှ အလုပ်သမားကိုယ်စားလှယ် ဦးစောတင်၊ မန္တလေးတိုင်းဒေသကြီး အလုပ်ရှင်ကိုယ်စားလှယ် ဦးထွန်းစန်းအောင်၊ ပဲခူးတိုင်းဒေသကြီး အလုပ်ရှင်ကိုယ်စားလှယ် ဦးကျော်တင့်၊ ဧရာဝတီတိုင်း ဒေသကြီး အလုပ်ရှင် ကိုယ်စားလှယ် ဦးဝင်းအောင်သက်၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေ ရေးအဖွဲ့ဝင်များ ဖြစ်ကြသည့် လှိုင်သာယာမြို့နယ်မှ အလုပ်သမားကိုယ်စားလှယ် ဦးနေဇာထွန်း၊ မင်္ဂလာဒုံမြို့နယ်မှ အလုပ်သမားကိုယ်စားလှယ် ဦးအေးနိုင်စိုး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အလုပ်သမားကိုယ်စားလှယ် ဦးသောင်းခိုင် တို့က လက်ရှိဖြေရှင်း ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ အခက်အခဲများနှင့် ပတ်သက်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အလိုက် စီမံခန့်ခွဲရေး ကော်မတီဝင်များဖြစ်သည့် တောင်ဒဂုံစက်မှုဇုန် (၁) ဒု-ဥက္ကဋ္ဌ ဦးတင်မောင်ညွန့်၊ ရွာသာကြီး (အကြီးစား)စက်မှုဇုန် ရုံးအဖွဲ့မှူး ဦးလှထွန်းကျော်၊ ရွာသာကြီး(အလတ်စား)စက်မှုဇုန် အတွင်းရေးမှူး ဦးကျော်ကိုဟိန်းအောင်၊ မြောက်ဥက္ကလာပစက်မှုဇုန် ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ တောင်ဥက္ကလာပ စက်မှုဇုန်ဥက္ကဋ္ဌ အတွင်းရေးမှူး ဦးယဉ်အောင်၊ သာဓုကန်စက်မှုဇုန်/ ရွှေပြည်သာစက်မှုဇုန် (၁) အတွင်းရေးမှူး ဦးစိုးလွင် ၊ ရွှေပြည်သာစက်မှုဇုန် (၂)၊ (၃)၊ (၄) အတွင်းရေးမှူး ဦးခင်မောင်ဝေ၊ မြောင်းတကာစက်မှုဇုန် အတွင်းရေးမှူး ဦးဇော်လွင်၊ သီလဝါအထူးစီးပွားရေးဇုန် အဖွဲ့ဝင် ဒေါ်ဘိုမ၊ အနော်ရထာစက်မှုဇုန် ဥက္ကဋ္ဌ ဒေါ်စန်းစန်းဝင်း၊ မြစိမ်းရောင်စက်မှုဇုန် အဖွဲ့ဝင် ဦးမင်းလွင်၊ ငွေပင်လယ်စက်မှုဇုန် အတွင်းရေးမှူး ဦးလေးမြတ်၊ ရွှေသံလွင်စက်မှုဇုန် ရုံးအဖွဲ့မှူး ဦးစိုင်းလှမြင့် တို့မှ စက်မှုဇုန်များနှင့်ပတ်သက်၍ ကြုံတွေ့နေရသည့် အခက်အခဲများအားလည်းကောင်း အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ညွှန်ကြားရေးမှူးချုပ်များမှ ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယဝန်ကြီးတို့မှ ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများမှကြုံတွေ့နေရသည့် အခက်အခဲများကို အတူတကွ လက်တွဲကျော်ဖြတ်ရင်း နိုင်ငံကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်