ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ Ms. Virginia Gamba ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော် မေလ ၂၈ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့်လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ Ms. Virginia Gamba ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် ယနေ့ မေလ ၂၈ ရက်နေ့ ၁၁:၁၅ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ လက်ခံ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တပ်မတော်နှင့် တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့အစည်းများမှအသက်မပြည့်သည့် ကလေးသူငယ်များနှင့်ပတ်သက်၍ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေး သူငယ်များ နှင့်လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများ နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။