
နေပြည်တော် ဖေဖော်ဝါရီလ ၁၃
အလုပ်သမားဝန်ကြီးဌာန နှင့် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည် အား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ၏အထူးအကြံပေးပုဂ္ဂိုလ် နှင့် ဒုတိယ အတွင်းရေးမှူးချုပ် Mr. Vijay Nambiar နှင့် ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေး မှူးချုပ် Mr. Ajay Chhibber နှင့်အဖွဲ့ဝင် များက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ (၁၅:၀၀)နာရီတွင် နေပြည်တော် ရုံးအမှတ်(၅၁)ရှိ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံပါ သည်။
ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်အောင်မြင်မှုများနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ အလုပ်သမားဥပဒေများနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ရေးဆွဲ ထားသည့်အခြေအနေများ၊ အလုပ်သမားအဖွဲ့အစည်းများဖွဲ့စည်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေ များ၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားပြည်သူတို့၏ လူမှုစီးပွားရေးဘဝ တိုးတက်မြင့်မားရေးတို့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ ကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြ ကြောင်း သတင်းရရှိသည်။
အခက်အခဲရှိပါက ဆက်သွယ်သတင်းပို့ရန်