အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ကွန်ပျူတာကျွမ်းကျင်မှုအခြေခံသင်တန်း(၁/၂၀၁၇) သင်တန်းဖွင့်ပွဲ အခမ်းအနား

နေပြည်တော်၊ ဖေဖော်ဝါရီ လ ၆ ရက် ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ကွန်ပျူတာကျွမ်းကျင်မှုအခြေခံသင်တန်း (၁/၂၀၁၇) ဖွင့်ပွဲအခမ်းအနားကို ၆-၂-၂၀၁၇ ရက်နေ့ နေ့လည် (၁၂:၃၀) နာရီအချိန်တွင်နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ Conference Room ၌ ကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် သင်တန်းသား/သူ (၂၇) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၆-၂-၂၀၁၇ ရက်နေ့ မှ ၂၄-၂-၂၀၁၇ ရက်နေ့ထိ ရက်သတ္တပတ် (၃) ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲကို နေ့လည် (၁:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။