ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော ဒေါ်စိုးစိုးကြူ သေနတ်ဖြင့်ပစ်သတ်ခံရခြင်းအမှုနှင့်ပတ်သက် ၍ ဆောင်ရွက်ထားရှိမှု အခြေအနေ

ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသော ဒေါ်စိုးစိုးကြူသည်(၃၀.၃.၂၀၁၂)ရက်နေ့တွင် သေနတ်ဖြင့်အပစ်ခံရ၍ သေဆုံး သွားခဲ့ပါသည်။ အဆိုပါသေဆုံးခဲ့မှုအား မြန်မာနိုင်ငံ၊ အလုပ် သမားဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ထိုင်းနိုင်ငံရှိ အလုပ်သမားအရာရှိသည် အခြားဝန်ကြီး ဌာနများ၏ အကူအညီရယူ၍ အမှုဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ကရဘူရီရဲစခန်းတွင် အမှုအမှတ် (ပ) ၁၄၀/ ၅၅ ရာဇဝတ်မှု ဥပဒေပုဒ်မ ၂၈၈ ဖြင့် အမှုဖွင့် လှစ်ထားရှိနိုင်ခဲ့ပြီး သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဦးဇော်ဝင်းအောင်နှင့် မောင်ဖြစ်သူ သက်ခိုင်တို့မှ ကော့သောင်းမြို့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအဖွဲ့ တာဝန်ခံ ဒုရဲမှူး ဦးရိုလင်နှင့်အတူ ရနောင်းသို့ သွားရောက်ကာ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ရနောင်းခရိုင်၊ ရဲတပ်ဖွဲ့မှူးရုံး ၌ လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် ရနောင်းခရိုင်တရားရုံး တရားခွင်အမှတ် (၁) ၌ ရာသေးအမှုအမှတ် ၁/၂၅၅၅ ဖြင့်လည်းကောင်း ကြားနာစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် တရားခံ တာဖဲအို(ခ)Mr. Khumnat Krilikayai မှာ ပြစ်မှုထင်ရှားသဖြင့် ထိုင်းနိုင်ငံ ၏ ဥပဒေအတိုင်း ပြစ်ဒဏ်စီရင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဒေါ်စိုးစိုးကြူ အတွက် နစ်နာကြေးအား ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ လူ့အခွင့်အရေးနှင့် တရားမျှတရေးဦးစီးဌာနရုံး၌ ခင်ပွန်းဖြစ်သူ ဦးဇော်ဝင်းအောင် မှ လျှောက်ထားခဲ့ပါသည်။ အဆိုပါလျှောက်ထားမှုအား ဘန်ကောက်ရှိ နစ်နာကြေးကော်မတီ ရုံးချုပ်မှ စိစစ်ရာတွင် (၂) လမှ (၃) လခန့်ကြာမည်ဖြစ်ကြောင်း၊ သေဆုံးသူ၏ခင်ပွန်း ကိုဇော်ဝင်းအောင် ကိုယ်တိုင်လက်မှတ်ရေးထိုးမှသာ နစ်နာမှုလျော်ကြေးငွေ ထုတ်ပေးမည်ဖြစ်ကြောင်းနှင့် ကိုယ်စားလှယ်လှွဲ၍ မရကြောင်း၊ နစ်နာမှုလျော်ကြေးငွေ၏ အမြင့်ဆုံးသတ်မှတ်နှုန်းမှာ ဒေါ်စိုးစိုးကြူ သေဆုံးမှုအတွက် (၃၀,ဝဝဝ) ဘတ်၊ မစိုးစိုးကြူ၏သား မျိုးစည်သူဟိန်း (၁၂) နှစ်အား ထောက်ပံ့ငွေ (၃၀,ဝဝဝ) ဘတ်၊ အသုဘစရိတ်အတွက် (၂၀,ဝဝဝ) ဘတ် သတ်မှတ်ထားသော် လည်း နစ်နာကြေးကော်မတီက အပြီးသတ်ဆုံးဖြတ်မည့်ငွေကိုသာ ထုတ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Leave a Reply