လူမှုဖူလုံရေးအဖွဲ့နှင့် ILO မှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းဆောင်ရွက်မှု အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

နေပြည်တော်၊ မတ် လ ၁၃ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ILO မှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းဆောင်ရွက်မှု အလုပ်ရုံဆွေးနွေးပွဲကို ၁၃-၃-၂၀၁၈ ရက်နေ့ နံနက် (၀၉:၀၀)နာရီ အချိန်တွင် လူမှုဖူလုံရေးအဖွဲ့၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေး မှူးများ၊ ILO မှ ကျွမ်းကျင်ပညာရှင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးမှ အဖွင့်အမှာစကားပြောကြား ရာတွင် လူမှုဖူလုံရေးအဖွဲ့သည် လက်ရှိဆောင်ရွက်နေသည့် Reform (၄) ခုကို ILO နှင့် ပူးပေါင်း၍ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဦးစွာ IT Reform နှင့် Medical Reform ကို အဓိကထား၍ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ လက်တလော IT Reform အတွက် ILO နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ Data Entry နှင့် Data Cleaning ပြုလုပ်ရန် ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ TOR နှင့်အညီ ဖြစ်စေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လိုအပ်ချက်များရှိပါကလည်း ဆွေးနွေးအကြံပြုရန် ဖိတ်ခေါ်လိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ Mr. Nuno Cunha၊ Senior Social Protection Specialist မှ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် လူမှုဖူလုံရေးအဖွဲ့ ရှေ့ဆက်လုပ်ဆောင်မည့်ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များအား ILO မှ နည်းပညာဆိုင်ရာ အထောက်အပံ့များပေးအပ်မည့် ယေဘုယျ အကြောင်းအရာများ၊ လူမှုဖူလုံရေးအဖွဲ့ Legal Reform အတွက် အထောက်အကူ ဖြစ်စေမည့် Technical Note နှင့် လိုက်ပါဆောင်ရွက်သင့်သည့် လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပြီး၊ Ms. Mariana Infante၊ Senior Technical Officer၊ Vision Zero Fund မှ လူမှုဖူလုံရေးအဖွဲ့ Administrative Reform အတွက် Vision Zero Fund မှ ကူညီထောက်ပံ့ပေးမည့် activities and timeline အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ Mr.Alain Perras၊ Senior IT Specialist မှ လူမှုဖူလုံရေးအဖွဲ့ IT Reform အတွက် လူမှုဖူလုံရေးအဖွဲ့တွင် Project Management Team ဖွဲ့စည်းခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ပေးရမည့် အစီအစဉ်များနှင့် short and medium terms ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးခဲ့ပြီး၊ Dr.Thaworn၊ Sakunphanit Medical expert မှ လူမှုဖူလုံရေးအဖွဲ့ Medical Reform အတွက် လိုက်ပါဆောင်ရွက်သင့်သည့် Provider Purchaser Split mechanism နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ Private Public Partnership (PPP) နှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ အတွေ့အကြုံများအား ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။
ထို့နောက် လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ILO မှ ကျွမ်းကျင်ပညာရှင်များသည် လူမှုဖူလုံရေးအဖွဲ့၏ IT Reform၊ Administrative Reform၊ Medical Reform နှင့် Legal Reform များနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လမ်းပြမြေပုံနှင့်ပတ်သက်၍ အပြန်အလှန်ညှိနှိုင်း ဆွေးနွေးကြပြီး အလုပ်ရုံဆွေးနွေးပွဲအား (၁၇:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။