Smartcard National Electronic ID(NeID) အထောက်အကူပြုစာရင်းကောက်ယူခြင်း

လုပ်ငန်း ရှေ့ပြေးစမ်းသပ် ဆောင်ရွက်ခြင်းကို နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိနှင့် မန္တလေး

တိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တို့၌ဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း

ဆက်လက်ဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိ

နေပြည်တော်

ဒီဇင်ဘာ ၈

နိုင်ငံတော်အစိုးရ၏ e-Government Master Plan တွင် လက်ရှိနိုင်ငံသားစိစစ်ရေး ကတ်ပြားများအား Smartcard အမျိုးသားအီလက်ထရောနစ် မှတ်ပုံတင်လုပ်ငန်းဖြင့် National Electronic ID (NeID) ပြောင်းလဲထုတ်ပေးရေးလုပ်ငန်းသည် အဓိကဦးစားပေး လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအား NeID အဖြစ် ပြောင်းလဲထုတ်ပေးနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့ အင်အားဝန်ကြီးဌာနသည် လိုအပ်သည်များကို အသေးစိတ်လေ့လာ လုပ်ဆောင်လျက် ရှိပါသည်။

NeID လုပ်ငန်းစဉ်အတွက် လိုအပ်သည့် အထောက်အကူပြုစာရင်း  ကောက်ယူခြင်း လုပ် ငန်း ရှေ့ပြေးစမ်းသပ်ဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ(၈)ရက် ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီ နယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ရပ်ကွက်၊ ဗုဒ္ဓနုဂ္ဂဟသာဿနာ့ဗိမ္မာန်၌ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးလွင်၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးသောင်းဇော်၊ ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင် နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေး ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ယင်းလုပ်ငန်းစဉ်အား ပုဗ္ဗသီရိမြို့နယ်ရှိ ရပ်ကွက် များအလိုက် စီမံချက်အရ လှည့်လည်ကွင်းဆင်းဆောင်ရွက်မည်ဖြစ်သည်။

NeID အထောက်အကူပြု စာရင်းကောက်ယူရာတွင် အိမ်ထောင်စုလူဦးရေ စာရင်းပါ အမည်နှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းအား ဓါတ်ပုံရိုက်ခြင်း၊ ကိုယ်ရေးအချက်အလက်များ ရေးသွင်းခြင်း တို့ကို ခေတ်မီ IT နည်းပညာများ အသုံးပြု၍ လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင်လည်း အလားတူ စာရင်း ကောက်ယူခြင်း လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်မှုအပေါ်မူတည်၍ အားနည်းချက်၊ အားသာချက်များ ပြန်လည်ဆန်းစစ်  လေ့လာသုံးသပ်ပြီး လိုအပ်သည်များပြင်ဆင် ကာ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် အခြားတိုင်းဒေသကြီး/ပြည်နယ်များ၌လည်း NeID အထောက် အကူပြု စာရင်းကောက်ယူခြင်း ရှေ့ပြေးစမ်းသပ် ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

NeID လုပ်ငန်းစဉ်အတွက်လိုအပ်သည့် အထောက်အကူပြုစာရင်း ကောက်ယူခြင်းလုပ်ငန်း ရှေ့ပြေးစမ်းသပ်ဆောင်ရွက်နေပုံ
NeID လုပ်ငန်းစဉ်အတွက်လိုအပ်သည့် အထောက်အကူပြုစာရင်း ကောက်ယူခြင်းလုပ်ငန်း ရှေ့ပြေးစမ်းသပ်ဆောင်ရွက်နေပုံ