ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့ခွဲ အစည်းအဝေးကျင်းပ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်မှုအခြေအနေ၊ တိုးတက်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့် ချိတ်ဆက်ပြီးမြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(MSDP)သို့ နိုင်ငံဖွံ့ဖြိုးရေးအချက်အလက်များ ပေးအပ်နိုင်ရန်ရည်ရွယ်၍ ကျွမ်းကျင် မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့ခွဲ အစည်းအဝေး Skills Development Sub Sector Coordination Group(SDSSCG) Meeting ကို ၁၅-၅-၂၀၁၉ ရက်နေ့တွင် ရုံးအမှတ်(၅၁) နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းရှိန်နှင့်တာဝန်ရှိသူများ၊ NSSA မှတာဝန်ရှိသူများ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ILO၊ GIZ၊ Swisscontact ၊ JICA တို့မှ တာဝန်ရှိသူများ စုစု ကပေါင်း(၆၅)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

skill-dev-sub-sect-meeting
Skills Development Sub Sector Coordination Group (SDSSCG)၊ ဥက္ကဋ္ဌ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ဦးဝင်းရှိန်မှအဖွင့်အမှာစကားပြောကြားစဉ်