အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

နေပြည်တော် ၊ ရုံးအမှတ်(၅၁)

တင်ဒါခေါ်ယူရေးကော်မတီ

( အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း )

၁။      အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ အလုပ်သမားရေးရာ ဆိုင်ရာ ရုံးအမှတ်(၅၁)၊ နေပြည်တော်ရှိ ဦးစီးဌာနများ နှင့် အဖွဲ့ရုံးတို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အောက်ဖော်ပြပါ ပစ္စည်းများဝယ်ယူရန်နှင့် လုပ်ငန်းများဆောင်ရွက် ရန် အတွက် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

(က)    ရုံးသုံးစက်ပစ္စည်းကိရိယာများ

(ခ )    ဆေးပစ္စည်းကိရိယာများ

၂။       အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံများ နှင့် စည်းကမ်းချက်များအား နေပြည်တော်၊ ရုံးအမှတ်(၅၁)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ရုံးချိန် အတွင်း လာရောက်ဝယ်ယူနိုင်ပါသည်။

၃။      တင်ဒါပုံစံရောင်းချမည့်နေ့ရက်         –        ၁၈-၁၁-၂၀၁၉ ရက်နေ့မှ ၂၅-၁၁-၂၀၁၉ ရက်နေ့အထိ  (ရုံးချိန်အတွင်း)

၄။      တင်ဒါ Specification တင်သွင်းရမည့်နေ့ရက်    –    ၂-၁၂-၂၀၁၉ ရက်နေ့ (ရုံးချိန်အတွင်း)( ၀၉:၃၀ နာရီ မှ ၁၆:၃၀ နာရီထိ)

၅။      တင်ဒါဖွင့်ဖောက်ရွေးချယ်မည့်နေ့ရက်အား ထပ်မံအကြောင်းကြားမည်ဖြစ်ပြီး၊ အသေးစိတ် သိရှိလိုပါက ဖုန်းအမှတ် ၀၆၇-၃၄၃၀၁၈၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပြီး ဝန်ကြီးဌာန website https://www.mol.gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တင်ဒါခေါ်ယူရေးကော်မတီ

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

နေပြည်တော်


ပစ္စည်းများစာရင်းအပြည့်အစုံ…..(၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်)