ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ၊ Japan Myanmar Association – JMA ၏ Chairman, Mr. Hideo WATANABE ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၄ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် Japan Myanmar Association – JMA ၏ Chairman, Mr. Hideo WATANABE နှင့်မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံမှူးကြီး Mr.Kazayuki TAKAMI တို့ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁ဝး၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင် လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဂျပန်နိုင်ငံ အစိုးရ၏ ဥပဒေအသစ်အရ အလုပ်သင် အလုပ်သမားများ စိစစ်ရေး လုပ်ငန်းအား ဂျပန်နိုင်ငံဘက်၌ Organization for Technical Intern Training(OTIT) အဖွဲ့ကို တာဝန်ပေးအပ်ထားသည်ဟုသိရှိရကြောင်း၊ လက်ရှိအနေဖြင့်ဂျပန်နိုင်ငံရှိ ဟိုတယ်လုပ်ငန်း များတွင် ကျွမ်းကျင်လုပ်သားများအဖြစ် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သားများအား လာရောက်တွေ့ဆုံ စစ်ဆေးခေါ်ယူလျှက်ရှိပြီး ဆောက်လုပ်ရေး အပါအဝင် အခြားခွင့်ပြုထားသည့် လုပ်ငန်းများကိုလည်းဆက်လက်ခေါ်ယူရန် ဆောက်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ဂျပန်နိုင်ငံအစိုးရတို့အကြား G to G စနစ် ဖြင့်သာလုပ်သားများ ပို့ဆောင်ရေးသက်ဆိုင်ရာ တာဝန်ရှိ သူများကို ဆက်လက်တိုက်တွန်းပြောကြား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ထိုသို့ဆောင်ရွက် ရာတွင် ဂျပန်နိုင်ငံ ဘက်မှအလုပ်ခေါ်စာ နှောင့်နှေးကြန့်ကြာမှုများရှိနေသည့်အတွက် ပိုမိုမြန်ဆန်မှု ရှိစေရန် ဂျပန်နိုင်ငံ အစိုးရအနေဖြင့်ဆောင်ရွက်ပေးစေလိုကြောင်း၊ သံမှူးကြီးနှင့် Japan Myanmar Association မှ Mr. Hideo WATANABE တို့မှတဆင့် သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေး လုပ်ငန်းသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန များတို့နှင့်သက်ဆိုင်မှုရှိသဖြင့် သက်ဆိုင်သည့်ဌာနအသီးသီးနှင့် ဂျပန်နိုင်ငံဘက်ရှိ တာဝန်ရှိသူများ ဆက်သွယ်ညှိနှိုင်း လုပ်ဆောင်သွားရန်လိုကြောင်း၊ ပြည်ပသို့အလုပ်သမားများ စေလွှတ်နေသည့် လိုင်စင်ရမြန်မာအေဂျင်စီများ၏သင်တန်းကျောင်းများတွင်လည်း သင်တန်းများဖွင့်လှစ်၍ လုပ်သား အရေအတွက် များများဖြင့် မြန်မြန်ဆန်ဆန် ပို့ဆောင်ပေးနိုင်ရေးပြင်ဆင် ဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် ဂျပန်နိုင်ငံအစိုးရက လက်ခံရန်သတ်မှတ်ထားသည့် လုပ်ငန်း ၁၄မျိုးအား မြန်မာနိုင်ငံမှ ကျွမ်းကျင်လုပ်သားများ စေလွှတ်နိုင်ရေးအတွက် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက် ထားပါ ကြောင်း၊ နှစ်နိုင်ငံတာဝန်ရှိအဖွဲ့များ၊အေဂျင်စီများညှိနှိုင်း၍သတ်မှတ်ထားသည့်စည်းမျဉ်းစည်းကမ်း များနှင့်အညီအမြန်ဆုံးပို့ဆောင်နိုင်ရေးအတွက်စိစစ်သွားရန်လိုအပ်ပါကြောင်း၊ ကျွမ်းကျင်လုပ်သားများ ခေါ်ယူရေးဆောင်ရွက်ရာတွင် ကြားခံပွဲစားများ၊ မသမာသူများ၊ အတုအယောင်အေဂျင်စီများမရှိ စေရေးဝန်ဆောင်ခနှုန်းထားများ သင့်တင့်မျှတမှုရှိစေရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ကျွမ်းကျင် လုပ်သားများ မှန်မှန်ကန်ကန်နှင့်မြန်မြန်ဆန်ဆန် စစ်ဆေးခေါ်ယူနိုင်ရေး၊ လုပ်သားပို့ဆောင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ နှစ်နိုင်ငံတာဝန်ရှိသူများဌာနများနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်သည့် ကျန်နယ်ပယ်များတွင်လည်း ဆက်လက်ပူးပေါင်းဆောင် ရွက်သွားရန် နှစ်ဖက်အမြင်များကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။