ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) မှ ဆက်သွယ်ရေးအရာရှိဖြစ်သူ Mr. Donglin Li ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဩဂုတ် ၁၉ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) မှ ဆက်သွယ်ရေးအရာရှိ ဖြစ်သူ Mr. Donglin Li ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀:၀၀ နာရီအချိန် တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ၂၀၁၉ခုနှစ်၊ ဇွန်လ၁၀ရက်နေ့မှ၂၁ရက်နေ့ထိ ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာ မြို့၌ ကျင်းပခဲ့သည့် ၁၀၈ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံတွင် ILO အစည်းအဝေးဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဝန်ကြီးဌာနအပါအဝင် အခြားသက်ဆိုင်ရာ ဝန်ကြီး ဌာနများပူးပေါင်း၍တိုးတက်အောင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ဆွေးနွေးပွဲ NTDF ကျင်းပနိုင်ရေးကိစ္စ ရပ်များနှင့် အဆိုပါဆွေးနွေးပွဲမှရလဒ်အစီရင်ခံစာများအား လာမည့် အောက်တိုဘာလ နှင့်နိုဝင်ဘာ လများတွင် ကျင်းပပြုလုပ်မည့် ILO ၏ GB အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ဆောင်ရွက် ချက်များကိုတင်ပြနိုင်ရေးအတွက် အထောက်အကူပြုလုပ်ငန်းစဉ်များ ဆောင်ရွက်သွားနိုင်ရေး တို့နှင့်ပတ်သက်၍လည်းကောင်း၊ ILO အနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်း ၁၉ခု အနက်ဝန်ကြီးဌာနနှင့်ဆောင်ရွက်နေသည့် ကလေးအလုပ်သမားဆိုင်ရာကိစ္စရပ်များ၊ ဓမ္မခိုင်းစေမှုပပျောက်ရေးဆိုင်ရာကိစ္စရပ်များ၊ အလုပ်သမားအခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ အလုပ် သမားဥပဒေဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့်ILO၏ကွန်ဗန်းရှင်းအမှတ် ၁၃၈ အားလက်မှတ်ရေးထိုးနိုင်ရေး အတွက် အခြားသောဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်များရယူ၍ စတင်ဆောင်ရွက်လျက် ရှိရာအမြန်ဆုံးအတည်ပြုနိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီး ဌာန မှ အဓမ္မခိုင်းစေမှုဆိုင်ရာကိစ္စရပ်များတွင် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် ကျန်ရှိသည့်အမှုကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ အဓမ္မခိုင်းစေမှုပပျောက်ရေးဆိုင်ရာကိစ္စ ရပ်များနှင့်ပတ်သက်၍ ဥပဒေပညာပေးသင်တန်းများဖွင့်လှစ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း ကော်မတီ (High Level Working Group – HLWG) တွင်အသေးစိတ်ဆက်လက် ဆောင်ရွက်သွား မည့်အစီအမံများနှင့်ပတ်သက်၍လည်းကောင်း ILO နှင့် ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင် ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ နှစ်ဖက်အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။