အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr.Saurabh Kumar ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် သြဂုတ် ၁၄ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Saurabh Kumar ဦး ဆောင်သော အဖွဲ့အား ယနေ့ညနေ ၁၆:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင်လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့သည့် UID System ကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် ပထမဦးစွာ နိုင်ငံသား တစ်ဦးချင်းစီ၏ Unit ID လုပ်ငန်းစဉ်ဆောင်ရွက်မည့်အခြေအနေ၊ ဒုတိယ အဆင့်အနေဖြင့် EID လုပ်ငန်းစဉ်အားဆောင်ရွက်မည့်အခြေအနေ၊ နောက်ဆုံးအဆင့်တွင် NID လုပ်ငန်းစဉ်များ ဆောင်ရွက်မည့် အခြေအနေများနှင့် ထိုလုပ်ငန်စဉ်များအတွက် မြန်မာနိုင်ငံနှင့် သြစတြီးယားနိုင်ငံတို့ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများနှင့်လည်းကောင်း၊ အဆိုပါလုပ်ငန်းစဉ် များအတွက် အိန္ဒိယနိုင်ငံ၏ အတွေ့အကြုံကောင်းများ၊ နည်းပညာနှင့် ပညာရှင်အကူအညီများရယူ နိုင်ရေးတို့နှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံနှင့် သြစတြီးယားနိုင်ငံတို့ ပူးပေါင်းဆောင်ရွက် မည့် UID System ကိစ္စရပ်နှင့်ပတ်သက်၍များ၊ မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံနယ်စပ်ဝင်ပေါက်ဖြစ်သည့် တမူး-မိုးရေးတွင် International Gate ဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေများ၊ အိန္ဒိယနိုင်ငံမှ ထုတ် ပေးထားသည့် OCI ပတ်စပို့ ဗီဇာများနှင့်ပတ်သက်၍ မြန်မာနိုင်ငံသို့ လွယ်ကူစွာ ဝင်ရောက်နိုင်ရေး အတွက်လက်ရှိဖြစ်ပေါ်ကြုံတွေ့နေရသောအခက်အခဲများနှင့်အခြေအနေများကို နှစ်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဌာနများမှ တဆင့်ဆက်သွယ် ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံ လူဝင်မှုကြီး ကြပ်ရေးဆိုင်ရာကိစ္စရပ်များ၊နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်း စွာဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။