အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို (၈.၂.၂၀၁၆) ရက်၊ တနင်္လာနေ့ မွန်းလွဲ (၁)နာရီအချိန်တွင် အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးရုံးစည်းဝေးခန်းမတွင် ကျင်းပရာ မြဝတီ၊ MRTV အစရှိသော နိုင်ငံပိုင် သတင်းမီဒီယာများနှင့် Myanmar Times၊ အဓိပတိ၊ ပေါ်ပြူလာ အစရှိသော ပြင်ပသတင်းမီဒီယာများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဦးထင်အောင်၊ အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင် နှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုနိုင် တို့မှ မေးမြန်းမှုများအား ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပါသည်။[download id=”663″]