အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကိုရီးယားနိုင်ငံသံအမတ်ကြီးဖြစ်သူ H.E.Mr.Lee Sang-hwa ဦးဆောင်သောအဖွဲ့အားလက်ခံတွေ့ဆုံ

နေပြည်တော် ၊သြဂုတ် ၈ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ကိုရီးယားနိုင်ငံသံအမတ်ကြီးဖြစ်သူ H.E.Mr.Lee Sang-hwa  ဦးဆောင်သော အဖွဲ့အား ယနေ့ညနေ ၁၆:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင်လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံသို့လာရောက်သည့် ကိုရီးယားနိုင်ငံသားများအား ဗီဇာ ကင်းလွတ်ခွင့်သက်တမ်း တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်နှင့် ပတ်သက်၍လည်းကောင်း၊  EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ အလုပ်သမားစေလွှတ်ရေးအတွက် စာမေးပွဲဖြေဆိုမည့်ကိစ္စရပ်များနှင့် ပတ်သက် ၍လည်းကောင်း၊ မြန်မာနိုင်ငံရှိ ကိုရီးယားအထည်ချုပ်လုပ်ငန်းများတွင် တွေ့ကြုံနေရသည့် အလုပ် သမားရေးရာကိစ္စရပ်များအား ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ ဒေသအာဏာပိုင်များ ပူးပေါင်း၍ ဆောင်ရွက်သွားမည့် အခြေအနေများ နှင့် ပတ်သက်၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။