ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဝန်ထမ်းများအားတွေ့ဆုံ ၍ ခရီးသည်များအပေါ် ဆက်ဆံရေးပြေပြစ်ကောင်းမွန်စွာ ဝန်ဆောင်မှုပေးကာလုပ်ငန်းများကို စနစ်တကျမှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ကြရန်မှာကြား၊ လေဆိပ်အတွင်း လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများ လှည့်လည်ကြည့်ရှု ။

နေပြည်တော်၊ ဩဂုတ် ၅ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ ၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မန္တလေးတိုင်း ဒေသကြီး၊ တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး လေဆိပ် ဧည့်ခန်းမ၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လေဆိပ်ဝန်ထမ်းများနှင့် လေဆိပ်လုပ်ငန်းဆိုင်ရာ တာဝန် ရှိသူများအား တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးအား မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးထိန်လင်းသိန်းက လေဆိပ် ၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းအင်အားနှင့် စက်ပစ္စည်းများ တပ်ဆင်အသုံးပြုမှု၊ပြည်တွင်း / ပြည်ပလေကြောင်းလိုင်းများ အခြေအနေနှင့် ပြည်တွင်း/ပြည်ပခရီးသွားများ ဝင်ရောက်/ထွက်ခွာမှု အခြေအနေ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာ လိုအပ် ချက်များကို ရှင်းလင်းတင်ပြပြီးတာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းတင်ပြ၍ လေဆိပ်လုပ်ငန်း ဆိုင်ရာ ဆက်စပ်ဌာနမှ တာဝန်ခံများက လုပ်ငန်းများပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး မန္တလေးလေဆိပ်သည် လေကြောင်းလိုင်းများ တိုးချဲ့ ပြေးဆွဲနေမှု ကြောင့် ပြည်တွင်း/ ပြည်ပ ခရီးသွားများ ဝင်/ ထွက်မှုများပြားလာကြောင်း၊ ထို့ကြောင့် လူဝင်မှု ကြီးကြပ်ရေးစစ်ဆေးရေးလုပ်ငန်းများကို အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့်လိုအပ်ချက်များကို အချိန်မီတင်ပြဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့မှလည်း လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ခရီးသည် ဝင်/ ထွက်သွားလာမှုများပြားလာသည်နှင့်အမျှ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများကိုလည်း စနစ်တကျ ဂရုပြုအလေးထားဆောင်ရွက်ကြရန်နှင့် ဆက်စပ်ဌာနများနှင့် အမြဲချိတ်ဆက်ပူးပေါင်းဆောင်ရွက် ကြရန်လိုကြောင်း၊ ခရီးသည်များအနေဖြင့် လေဆိပ်သို့စတင်ရောက်ရှိသည်နှင့် မိမိတို့ဝန်ထမ်းများ နှင့်စတင်ထိတွေ့ဆက်ဆံရသည့်အတွက် ခရီးသည်များအပေါ် ဆက်ဆံရေးပြေပြစ်ကောင်းမွန်စွာ ဝန်ဆောင်မှုပေးကာ မိမိတို့လုပ်ငန်းကိုစနစ်တကျမှန်ကန် မြန်ဆန်စွာဆောင်ရွက်ပေးကြရမည်ဖြစ် ပါကြောင်း၊ မိမိတို့ဝန်ထမ်းများ၏ အရည်အချင်းပြည့်ဝမှု၊ ဆက်ဆံမှုပြေပြစ်မှုနှင့် ဘာသာစကား ကျွမ်းကျင်မှုတို့သည် နိုင်ငံ၏ပုံရိပ်ကိုထင်ဟပ်စေသည်ကို သတိပြုရန်လိုကြောင်း၊ ဝန်ထမ်းများအနေ ဖြင့်မိမိထမ်းဆောင်ရမည့် တာဝန်ကိုသိရှိနားလည်ပြီး စိတ်ရင်းစေတနာမှန်ဖြင့် ဆောင်ရွက်ကြရန်နှင့် အဂတိတရားကင်းရှင်း စွာအလေးထားဆောင်ရွက်ကြရန်လိုကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆိုက်ရောက်ဗီဇာ (Visa on Arrival- VOA) ကောင်တာသို့ရောက်ရှိရာ လုပ်ငန်းတာဝန်ခံက ပြည်ပနိုင်ငံအသီးသီးမှ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်လာသည့် နိုင်ငံခြားသားခရီးသည်များအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေး ဆောင်ရွက်မှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ် ချက်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်ပထွက်ခွာကောင်တာ၌ ခရီးသည်များအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ပဆိုက်ရောက်ကောင်တာ၌ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ စက်ကိရိယာပစ္စည်းများ တပ်ဆင်ထားရှိမှုနှင့် လုပ်ငန်းဆိုင်ရာအခက်အခဲများကို ကြည့်ရှုမေးမြန်းကာ တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

IMG_1011

IMG_1017

IMG_1019

IMG_1024