ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား အမေရိကန်ပြည်ထောင်စုအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell အဖွဲ့မှ လာရောက်တွေ့ဆုံ

November 4th, 2011, Filed under news

အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား အမေရိကန်ပြည်ထောင်စုအစိုးရ၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ (၁ဝ:ဝ၀)နာရီတွင် နေပြည်တော် ၊ ရုံးအမှတ်(၅၁)ရှိ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ဖော်ဆောင်အောင်မြင်မှုများ ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ် တိုးတက်မှုများ ၊ အလုပ်သမားဥပဒေရေးဆွဲနေမှု အခြေအနေ တို့နှင့်စပ်လျဉ်း၍ နှစ်ဖက်အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ  ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell နှင့် အတူ ဒီမိုကရေစီ ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Michael H. Posner ၊ အမေရိကန် ပြည်ထောင်စုသံရုံးယာယီတာဝန်ခံ  Mr. Michael E. Thurston တို့လည်းပါဝင်တက်ရောက်ခဲ့ကြ ကြောင်းသတင်းရရှိပါသည်။