လူမှုဖူလုံရေးအဖွဲ့ သတင်းအချက်အလက်စနစ် (SSB Information System) အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆိုင်ရာ တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇွန် လ ၂၈ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စနစ် (SSB Information System)အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် ဝန်ကြီးဌာနအလုပ်သမားရေးရာဆိုင်ရာ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၈-၆-၂၀၁၈ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေးခန်းမ(၁)၌ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီဥက္ကဋ္ဌ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ Mr.Alain Perras၊ IT Senior Consultant၊ ILO တို့ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးသိန်းဝင်းမှ တင်ဒါအဆိုပြုလွှာလက်ခံရရှိမှုအခြေအနေနှင့် သိမ်းဆည်းထားရှိမှုအခြေအနေတို့ အား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ILO မှ IT Senior Consultant၊ Mr.Alain Perras မှ လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စနစ် (SSB Information System) ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအတွက် ရေးသားထားသည့် တင်ဒါလမ်းညွှန် (Terms of References)၊ Deliverable List နှင့် တင်ဒါ Evaluation ပြုလုပ်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး လူမှုဖူလုံရေးအဖွဲ့၊ သတင်းအချက်အလက်နှင့်နည်းပညာ ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအိအိစိုးထွန်းမှ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ နည်းပညာဆိုင်ရာ တင်ဒါစိစစ်ရွေးချယ်ရေး လုပ်ငန်းကော်မတီ (Administrative Evaluatin အဖွဲ့) နှင့် (Technical Evaluation အဖွဲ့) သို့ တင်ဒါစိစစ်ရွေးချယ်မှုစံနှုန်းများနှင့်ပတ်သက်၍ ရှင်းလင်းခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာသည့် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ဝင်များမှ တင်ဒါစိစစ်ရွေးချယ်မှုစံနှုန်းများနှင့်ပတ်သက်၍ ဆွေးနွေးအကြံပြု ပြင်ဆင်ဖြည့်စွက်ပြီး အတည်ပြုခဲ့ကြပါသည်။ ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို (၁၇:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

1
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးမှ အမှာစကားပြောကြားနေစဉ်

2
တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ အတွင်းရေးမှူး၊ ဦးသိန်းဝင်းမှ တင်ဒါအဆိုပြုလွှာများ လက်ခံရရှိမှုအခြေအနေနှင့် သိမ်းဆည်းထားရှိမှု အခြေအနေတို့အား ရှင်းလင်းနေစဉ်

3
လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စနစ်(SSB Information System) ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းအတွက် ရေးသားထားသည့် တင်ဒါ လမ်းညွှန်(Terms of References)၊ Deliverable List နှင့် တင်ဒါ Evaluation ပြုလုပ်ရမည့် လုပ်ငန်းစဉ်များအား ILO မှ IT Senior Consultant၊ Mr.Alain Perras မှ ရှင်းလင်းနေစဉ်