ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ HRD-Korea ၏ဒုတိယဥက္ကဌ Mr. Lee Yeon Bog ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ILO Liaison Officer Mr. Rory Mungoven ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ အားသီးခြားစီလက်ခံတွေဆုံ

နေပြည်တော် ၁၃-၆-၂၀၁၈
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် HRD-Korea ၏ဒုတိယဥက္ကဌ Mr. Lee Yeon Bog ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ ဇွန်လ ၁၃ ရက်နေ့ ညနေ ၂ နာရီအချိန်တွင် လည်းကောင်း ၊ ILO Liaison Officer Mr. Rory Mungoven ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ညနေ ၃ နာရီ တွင်လည်းကောင်းနေပြည်တော်ရှိအဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌လက်ခံတွေ့ဆုံသည်။
HRD-Korea ၏ဒုတိယဥက္ကဌ Mr. Lee Yeon Bog နှင့်တွေ့ဆုံစဉ်ကိုးရီးယားနိုင်ငံသို့ EPS စနစ်ဖြင့်သွားရောက်အလုပ်လုပ်ကိုင်ပြီး မြန်မာနိုင်ငံသို့ပြန်လာသည့် အလုပ်သမားများအား အလုပ်အကိုင်ရရှိရေးနှင့်ပတ်သက်၍ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး ILO Liaison Officer Mr. Rory Mungoven ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံရာတွင် လူမှုဖူလုံရေးအဖွဲ့ မှဆောင်ရွက်နေသည့် Reform (၄)ခု နှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများ အပေါ် ILO-Social Protection Team အဖွဲ့မှ စဉ်ဆက်မပြတ်ကူညီပံ့ပိုးမည့် အခြေအနေများ နှင့်ပတ်သက်၍ရင်းနှီပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများတက်ရောက်ခဲ့ကြသည်။