အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနသည် မလေးရှားနိုင်ငံမှပြန်လည်ရောက်ရှိလာသည့် အလုပ် သမားများကိုအလုပ်နေရာများသို့အမြန်ဆုံးဝင်ရောက်နိုင်ရေးချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိရာ ၁၉-၆-၂၀၁၃ ရက်နေ့မှစ၍ အလုပ်လျှောက်ထားသူ (၅၇၅)ဦး အနက် ကျား (၄၂၆)ဦး၊ မ (၁၀၄)ဦး၊ စုစုပေါင်း (၅၃၀)ဦး တို့အား အလုပ်ခန့်ထားဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်၍ အလုပ်အကိုင်နေရာများအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ၂၅-၇-၂၀၁၃ ရက်နေ့နှင့် ၂၆-၇-၂၀၁၃ ရက်နေ့များတွင် (ဝ၉းဝ၀)နာရီအချိန်၊ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်၊ (၁၃)ရပ် ကွက်၊ မြနန္ဒာလမ်း၊ အမှတ်(၂၉၈)ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လုပ်သားများ လုပ်ငန်းခွင်ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်း ကျောင်းတွင် ပြည်တွင်း ကုမ္ပဏီများနှင့် စက်ရုံ၊ အလုပ်ရုံများမှ လူတွေ့စစ်ဆေးပြီး အလုပ် ခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ၍ ဖော်ပြပါလိပ်စာသို့ ဆက်သွယ်သတင်းပေးပို့လူတွေ့စစ်ဆေးခံရန် နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အလုပ်သမားများအနေဖြင့်လည်း ဒေသတွင်းအလုပ်အကိုင်နေရာများတွင် လုပ်ကိုင်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်ဖွင့်လှစ်ထားသည့် (တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/ မြို့နယ်) ရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းအသိပေးနှိုးဆော်အပ်ပါသည်။