အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနသည် မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့် အလုပ် သမားများအား ပြည်တွင်းအလုပ်အကိုင်ခန့်ထားပေးရန် ရန်ကုန်မြို့ ၊ ရန်ကင်းမြို့နယ်၊ (၁၃)ရပ်ကွက်၊ မြနန္ဒာလမ်း၊ အမှတ်(၂၉၈)ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လုပ်သားများလုပ်ငန်းခွင်ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (တယ်လီဖုန်း အမှတ် ဝ၁-၅၆၄၇၇၃)၌ ၃-၇-၂၀၁၃ ရက်နေ့တွင် ပြည်တွင်း ကုမ္ပဏီများနှင့် စက်ရုံ၊ အလုပ်ရုံများမှ လူတွေ့စစ်ဆေးခဲ့ရာ အမျိုးသား(၃၂)ဦး၊ အမျိုးသမီး(၁၀)ဦး စုစုပေါင်း(၄၂)ဦးအားအလုပ်ခန့် ထား ပေးခဲ့ပြီးဖြစ်ပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းတွင် ကျား(၂၀)ဦး၊ စာရေးဝန်ထမ်း မ(၉)ဦး၊ ဟိုတယ်ဝန်ထမ်း ကျား(၁၂)ဦး၊ မ(၃)ဦး၊ ယာဉ်ကြီးမောင်းဝန်ထမ်း ကျား (၃)ဦး နှင့် စက်ရုံလုပ်သား ကျား (၆)ဦးတို့ဖြစ်ပါသည်။