လူမှုဖူလုံရေးအဖွဲ့ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများဆိုင်ရာ လက်တွေ့အသုံးချမှု အခြေခံသင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

အဆိုပါသင်တန်းဖွင့်ပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ကြီးရုံး၊ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် သင်တန်း သား/သူ (၅၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၂၃-၁-၂၀၁၇ ရက်နေ့မှစ၍ ၂၇-၁-၂၀၁၇ ရက်နေ့ထိ ရက်သတ္တပတ် (၁) ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါ သည်။ ထို့နောက် သင်တန်းတာဝန်ခံမှ သင်တန်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲကို နံနက် (၁၀:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။
dyyo
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ဘဏ္ဍာရေးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်ယဉ်ယဉ်အုန်းမှ သင်ခန်းစာပို့ချနေစဉ်