စက်မှုလုပ်ငန်းခွင် ဆက်ဆံရေးစနစ် တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အလုံလမ်းရှိ Summit Parkview Hotel တွင် (၈-၈-၂၀၁၂) ရက်နေ့ နံနက်(၁ဝးဝဝ)နာရီအချိန်တွင် ILO(ရန်ကုန်)မှ ကြီးမှူး၍ မြန်မာ့စက်မှုလက်မှုလုပ်ငန်းခွင်ဆက်ဆံရေး စနစ်တည်ဆောက်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ILO (ရန်ကုန်)မှ Chief Technical Adviser Mr. Ross Willson က နှုတ်ခွန်းဆက်စကား ပြောကြား၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် Director and Senior Research Fellow, Myanmar Development Resource Institute (MDRI-CESD) မှ ဦးတင်မောင်သန်း က The Development Challenge for Myanmar စာတမ်းကို ရှင်းလင်းပြောကြား၍ (UMFCCI) မှ တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် ILO မှ Mr. Steve Marshall တို့က Industrial Relation a Partnership for Development စာတမ်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဒုတိယပိုင်းအစီအစဉ်အရ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်နှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန မြို့နယ်ရုံး(၁၆)ရုံးမှ ဦးစီးအရာရှိများပါဝင်သော အဖွဲ့(၁၀)ဖွဲ့ခွဲ၍အုပ်စုဖွဲ့ ့ဆွေးနွေးမှု (Group Work)များပြုလုပ်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ရန်ကုန်တိုင်းအတွင်းရှိဖွဲ့စည်းပြီးဖြစ်သောအခြေခံအလုပ်သမား အဖွဲ့၊ အခြေခံအလုပ်ရှင်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး)များမှ ဦးစီးအရာရှိများ စုစုပေါင်း(၁၀၆)ဦးတို့ တက်ရောက်ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲ ကို ညနေ (၁၆းဝဝ)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Leave a Reply