ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ IOM Chief of Mission in Myanmar ၊ Mr. Akio Makayama ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံဆွေးနွေး

နေပြည်တော် ဧပြီလ ၂၃ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် IOM Chief of Mission in Myanmar ၊ Mr. Akio Makayama ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဧပြီ လ ၂၃ ရက်နေ့ ယနေ့ညနေ ၃ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထို့သို့တွေ့ဆုံရာတွင် ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး IOM အဖွဲ့မှ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ ဇာတ်လမ်းရိုက်ကူးထားမှုပေါ် ပြည်ထောင်စုဝန်ကြီက မြန်မာနိုင်ငံတွင်း မြို့ပြနှင့် ကျေးလက်ဒေသများတွင်နေထိုင်ကြသည့် အသက် ၁၈ နှစ်မှ ၄၀ နှစ် ကြား လူငယ် ၊ အမျိုးသား/ အမျိုးသမီးများ၊ အတန်းပညာနိမ့်ကျသူများ၊ လူမှုစီးပွားအခြေအနေနိမ့်ကျသူများနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ရန် ရည်ရွယ်ချက်ရှိသူများအတွက် ရည်ရွယ်၍ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ သတင်းအချက် အလက်များ သိရှိခြင်း၏ အရေးကြီးမှုနှင့် ယုံကြည်စိတ်ချရသည့် သတင်းအချက်အလက်များ မည်သည့်နေရာမှ ရရှိနိုင်မည်ဆိုသည်ကို သိရှိနိုင်စေရန် ဇာတ်လမ်းတိုများ ဖန်တီးရိုက်ကူး ထားသည်ကိုသိရှိရ၍ ဝမ်းသာပါကြောင်း။
ရွှေ့ပြောင်းသွားလာခြင်းအကြောင်းအရင်း၊ မိသားစုလွှဲပို့ငွေအပေါ်စီမံခန့်ခွဲမှု၊ အလုပ်အကိုင် နှင့် အလုပ်သမားရှာဖွေရေးရုံးများနှင့် ရွှေ့ပြောင်းအလုပ်သမား ထောက်ပံ့ကူညီရေးဗဟိုဌာနများက သတင်းအချက်အလက်ရယူခြင်း၊ ခရီးဆုံးနိုင်ငံမှာ သတင်းအချက်အလက်များ ရရှိနိုင်ဖို့ ချိတ်ဆက် ဆောင်ရွက်ခြင်းတို့ပါဝင်သည့် ဗီဒီယိုဇာတ်လမ်းတိုများကို အမှန်တကယ် ရွှေ့ပြောင်းသွားလာသူ နှင့် သူတို့၏ မိသားစုဝင် သို့မဟုတ် မိတ်ဆွေတစ်ဦးဦးနှင့်ပြောဆိုသည့် ပုံစံ၊ အသံနှင့်တကွ သရုပ်ဖော် ရိုက်ကူးထားသည်ကိုသိရှိရပါကြောင်း။
ယခုရိုက်ကူးခဲ့တဲ့ ဗီဒီယိုဇာတ်လမ်းတိုများကို ရွှေ့ပြောင်းအလုပ်သမား ထောက်ပံ့ကူညီရေး ဗဟိုဌာန (MRC) များ၊ အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးများ၊ ရွှေ့ပြောင်းအလုပ်သမားများ အများဆုံးလာရောက်သည့် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများနှင့် မြဝတီရွှေ့ပြောင်း အလုပ်သမားရုံးများတွင် အသိပညာပေး အစီအစဉ်တစ်ရပ်အနေဖြင့်ပြသထားနိုင်ရန် မိမိတို့ဘက်မှလည်း ပူးပေါင်းကူညီသွားမည်ဖြစ်ပါကြောင်း။ လိုအပ်ပါက ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ပြည်သူလူထုကို ပြသနိုင်ဖို့ လျာထားပါကြောင်း။
ထို့အပြင် ရွှေ့ပြောင်းသွားလာနေထိုင်လုပ်ကိုင်သူများနှင့်စပ်လျဉ်းသည့် အချက်အလက်များ ဖြန့်ဖြူးပေးနိုင်ရန်နှင့် မိသားစုဝင်များ၏ရပိုင်ခွင့်များကို တိုးမြှင့်ကာကွယ်ပေးနိုင်ရန် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနား နှစ်စဉ်ကျင်းပလျက်ရှိတာကြောင့် ၂၀၁၈ ခုနှစ် Internaitonal Migrant Day အခမ်းအနားမှာ ပြသရန် IOM အနေဖြင့် Documentary Films ဖန်တီးဆောင်ရွက်စေလိုပါကြောင်း။
ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အဆင့်တွေဖြစ်သည့် ပြည်ပသို့မထွက်ခွာမီ ကြိုတင်ပြင်ဆင်ခြင်း၊ လုံခြုံစိတ်ချရသည့်ရွှေ့ပြောင်းသွားလာမှုဖြစ်စေခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ ငွေကြေးစီမံခန့်ခွဲခြင်းနှင့် မိသားစုပြန်လည် ပေါင်းစည်းခြင်း စသည့် အချက်အလက်များ ပါဝင်ပြီးအလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးများ၏ လုပ်ငန်းဆောင်ရွက်မှုတွေကိုဖော်ထုတ် ပြသနိုင်မယ့် Documentary Films တစ်ခု ဖြစ်စေ လိုပါကြောင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။