သတင်းnews

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် အား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ၏ အထူးအကြံပေး နှင့် အာရှနှင့်ပစိဖိတ်ဒေသ အိပ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ်ဆိုင်ရာ အထူး ကိုယ်စားလှယ် Dr. Nafis Sadik နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံ

May 18th, 2012

နေပြည်တော်    မေလ   ၁၇    ရက် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် အား ကုလသမဂ္ဂအထွေထွေအတွင်းရေး မှူးချုပ်၏ အထူးအကြံပေးနှင့် အာရှနှင့်ပစိဖိတ်ဒေသ အိပ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ်ဆိုင်ရာ အထူးကိုယ်စားလှယ်   Dr. Nafis Sadik နှင့်အဖွဲ့မှ ၂၀၁၂ ခုနှစ် မေလ  ၁၇ ရက်နေ့ (၁ဝ:ဝဝ)နာရီ တွင် နေပြည်တော် ရုံးအမှတ်(၅၁) ရှိ အလုပ်သမားဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမသို့လာရောက် တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး နှင့်အတူ လူမှုဝန်ထမ်းဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် နှင့် လူမှုဖူလုံရေးအဖွဲ့ အထွေထွေမန်နေဂျာ တို့ တက်ရောက်ကြပြီး၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့မှ ဆောင်ရွက်လျက်ရှိသော HIV / AIDS ဆိုင်ရာ [...]

အလုပ်သမားနေ့အခမ်းအနား ကျင်းပခြင်း

May 1st, 2012

အလုပ်သမားနေ့အခမ်းအနားကျင်းပခြင်း အလုပ်သမားနေ့အခမ်းအနားအား နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(MICC)တွင် ၂၀၁၂ ခုနှစ် မေလ(၁)ရက် နံနက်(ဝ၉:ဝဝ)နာရီ၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် ထံမှ ပေးပို့သော ၂၀၁၂ ခုနှစ် အလုပ်သမားနေ့ သဝဏ်လွှာအား အလုပ်သမားဝန်ကြီးဌာန နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် မှ ဖတ်ကြားခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ညွှန်ကြားရေးမှူးချုပ် Mr. Juan Somavia မှ ပေးပို့သော အလုပ်သမားနေ့သဝဏ်လွှာ အား ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ရုံး မှ ILO ဆက်သွယ်ရေး အရာရှိ  Mr. Steve [...]

မြို့နယ်မှတ်ပုံတင်အရာရှိများခန့်အပ်ခြင်း

March 22nd, 2012

အလုပ်သမားအဖွဲ့အစည်း နည်းဥပဒေ ၄၃(ခ)အရ မြို့နယ်မှတ်ပုံတင်အရာရှိများခန့်အပ်တာဝန်ပေးအပ်လိုက်သည်-

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်း(IOM) ညွှန်ကြားရေးမှူးချုပ် မှ တွေ့ဆုံ

March 12th, 2012

နေပြည်တော် မတ်လ(၁၃ ) အလုပ်သမားဝန်ကြီးဌာန နှင့် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration, IOM)၏ ညွှန်ကြားရေးမှူးချုပ် Mr. William Lacy Swing မှ ၂၀၁၂ ခုနှစ် မတ်လ ၉ ရက်နေ့ (၀၉း၀၀) နာရီတွင် နေပြည်တော် ရုံးအမှတ်(၅၁)ရှိ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာ၌ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏အခွင့်အရေး အကာ အကွယ်ပေးရေးနှင့် မြှင့်တင်ရေး၊ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို အထောက် အကူ ပေးနိုင်မည့် သင်တန်းအစီအစဉ်များ၊ စီမံကိန်းများ ချမှတ်နိုင်ရန် အလုပ်ရုံ [...]

မှတ်ပုံတင်အရာရှိချုပ်ခန့်အပ်တာဝန်ပေးခြင်း

March 12th, 2012

အလုပ်သမားအဖွဲ့အစည်းဥပဒေ အာဏာတည်သည့်နေ့ သတ်မှတ်ခြင်း

March 12th, 2012

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏အထူးအကြံပေး ပုဂ္ဂိုလ်နှင့် ဒုတိယအတွင်းရေးမှူးချုပ် Mr. Vijay Nambiar နှင့် အဖွဲ့မှ လာရောက်တွေ့ဆုံ

February 12th, 2012

နေပြည်တော် ဖေဖော်ဝါရီလ ၁၃ အလုပ်သမားဝန်ကြီးဌာန နှင့် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည် အား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ၏အထူးအကြံပေးပုဂ္ဂိုလ် နှင့် ဒုတိယ အတွင်းရေးမှူးချုပ် Mr. Vijay Nambiar နှင့် ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေး မှူးချုပ် Mr. Ajay Chhibber နှင့်အဖွဲ့ဝင် များက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ (၁၅:၀၀)နာရီတွင် နေပြည်တော် ရုံးအမှတ်(၅၁)ရှိ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံပါ သည်။ ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်အောင်မြင်မှုများနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ အလုပ်သမားဥပဒေများနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ရေးဆွဲ ထားသည့်အခြေအနေများ၊ အလုပ်သမားအဖွဲ့အစည်းများဖွဲ့စည်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေ များ၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ [...]

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် အား အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ရုံး အမှုဆောင် ညွှန်ကြားရေးမှူး Mr. Guy Ryder ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ

January 24th, 2012

အလုပ်သမားဝန်ကြီးဌာန နှင့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် အား အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့(ILO)ရုံး အမှုဆောင် ညွှန်ကြားရေးမှူး Mr. Guy Ryder ဦးဆောင်သောအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့(၀၉:၀၀)နာရီတွင်နေပြည်တော် ရုံးအမှတ်(၅၁)ရှိ အလုပ်သမားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့ လာရောက် တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သော အလုပ်သမားအဖွဲ့အစည်းဥပဒေအား အမြန်အာဏာ တည်နိုင်စေရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ILO ညီလာခံများနှင့် ILO အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေး များ၏ နိဂုံးချုပ်မှတ်ချက်ပါအကြံပြုတိုက်တွန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများအား ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် နိုင်ငံတော်ကို ဒီမိုကရေစီစံနှုန်းနှင့်အညီ [...]

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

January 21st, 2012

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့၏ အမျိုးသားအဆင့်အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (ဝ၉:၃ဝ) နာရီတွင် နေပြည်တော် ရုံးအမှတ်(၅၁) ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။ အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်ကြည်မှ အမှာစကားပြောကြားရာ၌ ကျွမ်းကျင်လုပ်သား ပြုစုပျိုးထောင်နိုင်ရန် ၂၀၁၅ ခုနှစ်တွင်  အာဆီယံဒေသအတွင်း ကျွမ်းကျင် လုပ်သားများ လွတ်လပ်စွာကူးပြောင်းလုပ်ကိုင်နိုင်ရန် နှင့် ယှဉ်ပြိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ ယခုအခါ အမျိုးသားအဆင့် ကျွမ်းကျင်မှု စံ များ သတ်မှတ်ရေးနှင့် ကျွမ်းကျင်မှုစမ်းသပ် စစ်ဆေးရေး၊အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးစနစ် တည်ထောင်ရေးစီမံကိန်းကို ဆောင်ရွက် နေကြောင်း၊ အဆိုပါ အဖွဲ့အနေဖြင့် အလုပ်အကိုင်  (၁၅၅) [...]

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား အမေရိကန်ပြည်ထောင်စုအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell အဖွဲ့မှ လာရောက်တွေ့ဆုံ

November 4th, 2011

အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား အမေရိကန်ပြည်ထောင်စုအစိုးရ၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ (၁ဝ:ဝ၀)နာရီတွင် နေပြည်တော် ၊ ရုံးအမှတ်(၅၁)ရှိ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ဖော်ဆောင်အောင်မြင်မှုများ ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ် တိုးတက်မှုများ ၊ အလုပ်သမားဥပဒေရေးဆွဲနေမှု အခြေအနေ တို့နှင့်စပ်လျဉ်း၍ နှစ်ဖက်အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ  ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နှင့် [...]