ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူများ/သွားရောက်အလုပ်လုပ်ကိုင်ခဲ့သူများ မော်တော်ယာဉ် တင်သွင်းခွင့် ရရှိရေးအတွက် အလုပ်သမားဝန်ကြီးဌာန သို့ လျှောက်လွှာတင်ပြထားသူများအား ဆက်လက်ခွင့်ပြု ပေးလျက်ရှိရာ ယခုအခါ လျှောက်လွှာအမှတ်စဉ် (၂၃၅၂) အထိ ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။ ခွင့်ပြုပေးထားသော မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်လွှာများအား ၆-၄-၂၀၁၁ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) (၄၃) ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းနှင့်မင်းရဲကျော်စွာလမ်းထောင့် ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း တွင် ဆောင်ရွက်ပေးမည်ဖြစ်ပါ၍ လိုအပ်သည့် စာရွက်စာတမ်းအထောက်အထား အချက်အလက်များနှင့်တကွ လာရောက် ဆောင်ရွက်ကြပါရန် အသိပေးအကြောင်းကြားပါသည်။ အလုပ်သမားဝန်ကြီးဌာန
ကြေငြာချက်
လုပ်သားများ၏ ကျွမ်းကျင်မှုပြိုင်ပွဲများ ကျင်းပ
March 20th, 2012၂၀၁၂ ခုနှစ် မေလ (၁)ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့အခမ်းအနားတွင် လုပ်သားကြီးများအား ဆုချီးမြှင့်နိုင်ရန်အတွက် လုပ်သားများ၏ ကျွမ်းကျင်မှု ပြိုင်ပွဲများအား အောက်ပါအတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်-
အလုပ်သမားအဖွဲ့အစည်း ဥပဒေ (၂၀၁၁) စာအုပ် ပုံနှိပ်ရောင်းချခြင်း
February 29th, 2012အလုပ်သမားဝန်ကြီးဌာန မှ ပြုစုပုံနှိပ်ထားပြီးဖြစ်သော အလုပ်သမားအဖွဲ့အစည်းဥပဒေ (အင်္ဂလိပ်+ မြန်မာ)နှင့် အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေများပါရှိသည့် “အလုပ်သမားအဖွဲ့အစည်းဥပဒေ(၂၀၁၁)” စာအုပ် အား ၁-၃-၂၀၁၂ ရက်နေ့မှ စတင်၍ စာပေဗိမာန်အရောင်းဆိုင်များနှင့် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးများတွင် ဝယ်ယူရရှိနိုင်ပါသည်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရကုမ္ပဏီများစာရင်း
November 1st, 2011မြန်မာအလုပ်သမားများအတွက် မော်တော်ယာဉ်တင်သွင်းခွင့်
November 1st, 2011ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ အချက်အလက်များ
အခက်အခဲရှိပါက ဆက်သွယ်သတင်းပို့ရန်