အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်၌ အဓမ္မခိုင်းစေမှု လုံးဝပပျောက်ရေး ပူးတွဲမဟာဗျူဟာ နားလည်မှုစာချွန်လွှာကို (၁၆.၃.၂၀၁၂) ရက်နေ့တွင် မြန်မာနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)တို့ နှစ်ဖက် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါနားလည်မှုစာချွန်လွှာအရ ရေးဆွဲထားသည့် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အလုပ်သမားဝန်ကြီးဌာနနှင့် ILO တို့၏ အဓမ္မခိုင်းစေမှုပပျောက်ရေး ပူးတွဲအသိပညာပေးဆွေးနွေးပွဲကို (၆.၈.၂၀၁၂) ရက်နေ့ (ဝ၉း၃၀) နာရီမှ (၁၁း၃၀) နာရီအထိ နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ဆွေးနွေးပွဲ၌အလုပ် သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်နှင့် ILO ရန်ကုန်မှဒုတိယဆက်သွယ်ရေး အရာရှိ Ms. Piyamal Pichaiwongse တို့က အဓမ္မခိုင်းစေမှုပပျောက်ရေးကိစ္စရပ်များအားရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိအစိုးရမဟုတ်သောအဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံ

ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းနှင့်

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်စုစုပေါင်း(၆၅) ဦး ပါဝင် တက်ရောက်ခဲ့ကြပါသည်။