အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊ အလုပ်အကိုင်နှင့်‌ လူမှုဖူလုံရေးဝန်ကြီးဌာနနှင့်‌ ILO တို့ပူးပေါင်း၍ မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးအစီအစဉ် (My-PEC) အတွက် လုပ်ငန်း ဆောင်ရွက်မှုလမ်းညွှန်ရေးဆွဲ အတည်ပြုရေး အစည်းအဝေးကို နေပြည်တော်ရှိ ရွှေမြန်မာဟိုတယ်၌ ၂၀-၁၁-၂၀၁၄ ရက်နေ့မှ ၂၁-၁၁-၂၀၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ အလုပ်ရုံနှင့်‌ အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့်‌ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးများ အပါအဝင် ပြည်တွင်းရှိ NGOs များမှ ကိုယ်စားလှယ် (၂၇)ဦးနှင့် ILO မှ စီမံကိန်းဒါရိုက်တာ Mr. Selim Benaissa အပါအဝင် ကိုယ်စားလှယ် (၆)ဦး၊ စုစုပေါင်း (၃၃)ဦး တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းအစီအစဉ် အတွက် အမျိုးသားအဆင့်‌ ကလေးအလုပ်သမားဆိုင်ရာ နည်းပညာရပ်လုပ်ငန်းအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်မှုလမ်းညွှန်(မူကြမ်း)ကို ဆွေးနွေးကြပြီး ၂၀၁၅ခုနှစ်အတွင်း ဦးစားပေးလုပ်ဆောင် ရမည့်‌ လုပ်ငန်းစဉ်များနှင့်‌ အမှန်တကယ်ဆောင်ရွက်နိုင်မည့်‌ လုပ်ငန်းများကို ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။