ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်မြို့၊ ဥရောပသမဂ္ဂအဖွဲ့ရုံးသံအမတ်ကြီး Mr. Kristian Schmidt အား နေပြည်တော်၌ တွေ့ဆုံ၊ အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများအား ပြန်လည်လက်ခံနိုင်ရေးဆောင်ရွက်နေမှုအခြေအနေများ ဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာလ ၅ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ရန်ကုန်မြို့၊ ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး Mr. Kristian Schmidt အား ဒီဇင်ဘာလ(၅)ရက်၊ မွန်းလွဲ(၃)နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ၌ အလုပ်သမားရေးရာဥပဒေများ ထုတ်ပြန်ပြဌာန်းဆောင်ရွက်နေမှု၊ အလုပ်သမားအခွင့်အရေးနှင့် လုပ်သားစွမ်းရည်မြင့်မားရေးအတွက် ILO နှင့် ပူးပေါင်းဆောင်ရွက်နေမှုနှင့် မြန်မာနှင့် ဥပရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား အလုပ်သမားရေးရာဆိုင်ရာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေမှု၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသူများအား ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ MoU ရေးထိုးဆောင်ရွက်နေမှုနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ရခိုင်ပြည်နယ် အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းနှင့် NV Card ထုတ်ပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။(-)