အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ၂၀၁၂ လူမှုဖူလုံရေးဥပဒေနှင့်အညီ အာမခံအလုပ်သမားများအတွက် ကွန်ပျူတာဖြင့် ဖတ်ရှုနိုင်သော Electronic Card များ ထုတ်ပေးရေးအစီအစဉ်အရ အလုပ်သမားများ၏ Electronic Card များတွင် ထည့်သွင်းဖော်ပြနိုင်ရန် ကွန်ပျူတာများ၊ Webcam များဖြင့် ဓာတ်ပုံနှင့်လက်ဗွေများ စတင်ရယူခြင်းအခမ်းအနားကို (၁၂.၇.၂၀၁၃) ရက်နေ့ နံနက် ၉း၃၀ နာရီက မင်္ဂလာဒုံစက်မှုဇုန်ရှိ Myanmar ASIA Optical မှန်ဘီလူးစက်ရုံတွင် ကျင်းပရာ ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဖူလုံရေးအဖွဲ့နှင့် စက်ရုံမှ တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ပါသည်။

မြန်မာနိုင်ငံတွင် လူမှုဖူလုံရေးအာမခံအလုပ်ပေါင်း ခြောက်သိန်းလေးသောင်းကျော်ရှိသည့်အနက် ပထမအဆင့်အနေဖြင့် အလုပ်သမား သုံးသိန်းငါးသောင်းကျော်၏ ကိုယ်ရေးအချက်အလက်များကို ကွန်ပျူတာပရိုဂရမ်အတွင်းသို့ ထည့်သွင်းပြီးဖြစ်ကြောင်း သိရှိရပြီး နိုင်ငံတစ်ဝှမ်းလုံးရှိ အာမခံအလုပ်သမားအားလုံးအတွက် Electronic Card များ ထုတ်ပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။