အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မလေးရှားနိုင်ငံရောက်မြန်မာအလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ငွေကျပ်သိန်း(၁၀ဝ)လှူဒါန်းသည့်အခမ်းအနားအား၁၄-၆-၂၀၁၃ ရက်နေ့၊နေ့လည်(၁၂းဝ၀)နာရီ ၌ နေပြည်တော် ရုံးအမှတ်(၅၁) အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနရှိဧည့်ခန်းမတွင်ကျင်းပပြု လုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းဆွေမှ လှူဒါန်းရခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ကျေးဇူးတင်စကားပြောကြားရာတွင် မလေးရှားနိုင်ငံရောက် မြန်မာအလုပ် သမားများအခြေအနေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော် နှင့် အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းတို့ဦးဆောင်သည့်အထူး ကိုယ်စားလှယ်အဖွဲ့၏ဆောင်ရွက်ချက်များအားရှင်းလင်းပြောကြားခဲ့ပြီး၊လှူဒါန်းသည့်ငွေများအား မလေးရှား နိုင်ငံရောက် မြန်မာအလုပ်သမားများအား ကာကွယ် စောင့်ရှောက်ရေး အတွက် အကျိုးရှိစွာခွဲဝေ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်ဝန်ကြီးဌာနကိုယ်စားပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား အထူး ပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး၊ဗဟိုအလုပ် အမှုဆောင်ဦးလှသိန်းဆွေ မှ အလှူငွေ ကျပ်သိန်း(၁၀ဝ) တိတိ အား ပေးအပ် လှူဒါန်းရာ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် မှ လက်ခံရရှိခဲ့ကြောင်း သတင်းရရှိပါသည်။