မိုဘိုင်းသတင်းအချက်အလက်တတ်မြောက်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ နိုဝင်ဘာလ ၂၇ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရှိ ဝန်ထမ်းများ အတွက် The Asia Foundation မှ ဖွင့်လှစ်သင်ကြားပေးသည့် မိုဘိုင်းသတင်းအချက်အလက်တတ်မြောက် မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၇-၁၂-၂၀၁၉ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။ ဆက်လက်၍ The Asia Foundation အထူးစီမံကိန်းများယူနစ်၏မန်နေဂျာ ဒေါ်မီကီကျော်မြင့် မှ မိတ်ဆက်စကားပြောကြားခဲ့ပြီး အဆိုပါသင်တန်း၏ သင်တန်းနည်းပြမှ သင်တန်းနှင့်ပတ်သက် သည်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းကို ၂၇-၁၁-၂၀၁၉ ရက်နေ့ မှ ၂၉-၁၁-၂၀၁၉ ရက်နေ့အထိ သင်ကြားပေးသွားမည် ဖြစ်ပါသည်။
အဆိုပါ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေး မှူးများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား/ သင်တန်းသူ (၃၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်း အနားကို နံနက် (၁၀:၁၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။