EPS စနစ် အလုပ်အကိုင်အခွင့်အလမ်း(ကိုရီးယား)

ကိုရီးယားသမ္မတနိုင်ငံတွင် ၃ နှစ်နှင့်အထက် တရားဝင်လုပ်ကိုင်ခဲ့သော အလုပ်သမားများအတွက် ဒုတိယအကြိမ် Computer Based Test စနစ်ဖြင့် ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ အောင်စာရင်း အပြည့်အစုံ.. (125)

ကိုရီးယားသမ္မတနိုင်ငံတွင် ၃ နှစ်နှင့်အထက် တရားဝင်လုပ်ကိုင်ခဲ့သော အလုပ်သမားများအတွက် ပထမအကြိမ် Computer Based Test စနစ်ဖြင့် ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ အောင်စာရင်း အပြည့်အစုံ (642)


Skill Test နှင့် Compentency Test ကျင်းပသည့်နေရာ ၊နေ့ရက်နှင့် အချိန်ဇယား တို့အားထုတ်ပြန်ကြေငြာခြင်း(နိုဝင်ဘာ ၂၀၁၈)

Skills Test နှင့် Competency Test စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာခြင်း

အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားသည့် (Recruitment Point System) EPS-TOPIK (ကုန်ထုတ်လုပ်ငန်း) စာမေးပွဲ အောင်စာရင်း

EPS-TOPIK စာမေးပွဲ Skills Test & Competency Test အောင်စာရင်း ကြေညာချက်
ဒုတိယအသုတ် စာမေးပွဲ ဖြေဆိုရမည့် ပုံစံ၊ အချိန်၊ နေရက် များနှင့်ပတ်သက်သည့် ကြေညာချက်

(၁၁) ကြိမ်မြောက် EPS-TOPIK (စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးလုပ်ငန်း) စာမေးပွဲဖြေဆိုရန် (နေ့ရက်၊ နေရာ၊ အချိန်ဇယား) ကြေညာချက်

အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့်စနစ်(Recruitment Point System) ဖြင့် ကိုရီးယားဘာသာအရည်အချင်းစစ် (EPS-TOPIK , Computer Based Test) စာမေးပွဲ၊ ကျွမ်းကျင်မှုစမ်းသပ်စစ်ဆေးခြင်း (Skills Test)နှင့် လုပ်ကိုင်နိုင်မှုအရည်အသွေးစစ်ဆေးခြင်း(Competency Test ) များ ကျင်းပမည့်အစီအစဉ်များနှင့်ပတ်သက်၍ ကြေညာထားပါသည်။ အပြည့်အစုံ သိရှိနိုင်ပါရန်

ကိုရီးယားသမ္မတနိုင်ငံတွင် EPS စနစ်အရ အလုပ်လျှောက်ထားရန် 4-5-2016 မှ 9-5-2016 ရက်နေ့အထိ လျှောက်လွှာတင်ထားသူများ၏ ပထမအဆင့် EPS-TOPIK (Computer Based Test) စာမေးပွဲ အချိန်စာရင်း ကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ မှ ထုတ်ပြန်ကြေညာထားပါသည် . . . . . ။

သတိပြုရန် – စာမေးပွဲခုံနံပါတ်ကို မိမိတို့၏ လျှောက်လွှာနံပါတ်များမှ ရှေ့ဆုံးဂဏန်း နှစ်လုံးဖြစ်သည့် 90 အစား 50 ဟု ကြည့်ရှုပါရန်၊ ဥပမာ မူလ လျှောက်လွှာနံပါတ် 90500001 သည် 50500001 အဖြစ်ကြည့်ရှုပါရန် ဖြစ်ပါသည်။ စာမေးပွဲ ဖြေဆိုရမည့် အချိန်စာရင်း အပြည့်အစုံ ကြည့်ရှုရန် . . . (3305)

ကိုရီးယား ဘာသာအရည်အချင်းစစ် (EPS – TOPIK) စာမေးပွဲ အောင်မြင်သူများမှ Compentency Test ဖြေဆိုမည့် သူများအတွက် အထောက်အထား ပုံစံများ ရယူနိုင်ပါသည် – – – – – – – ပုံစံ အျပည့္အစုံ . . . . . (1768)

အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမှုစနစ် ( Recruitment Point System) (ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုး/မွေးမြူရေး ) လုပ်ငန်းစာမေးပွဲအောင်မြင်သူများအတွက် Skills Test နှင့် Competency Test များဖြေဆိုရန် လမ်းညွှန်ချက်များ အပြည့်အစုံ


EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် မည့်သူများ အတွက် လေယာဉ်ခရီးစဉ်များ

ENTRY 18 APR WITH THAI AIRWAYS (TG) YANGON – BANGKOK – INCHEON . .(၂၀) ဦး စာရင်း အပြည့်အစုံ . . . . . . (860)

ENTRY 18 APR WITH THAI AIRWAYS (TG) YANGON – BANGKOK – INCHEON . . (၂၆) ဦး စာရင်း အပြည့်အစုံ . . . . . . (656)

ENTRY 18 APR WITH KOREAN AIRLINES (KE) YANGON – SEOUL . . . . .(၅၀) ဦး စာရင်း အပြည့်အစုံ . . . . . . (760)

Re-entry process of committed workers များအတွက် ဆောင်ရွက်ရမည်‌့ လုပ်ငန်းစဉ်များ နှင့်ယေဘူယျအချက်အလက်များ

– EPS စနစ်အရ ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော နိုင်ငံခြားသား လုပ်သားများအနက် အလုပ်လုပ်ကိုင်ခွင့် သဘောတူထားသည်‌့ ကာလအများဆုံး(၄)နှစ်(၁၀)လ ရှိပြီး၊ အလုပ်ဌာနပြောင်းလဲခြင်းမရှိသည်‌့ လုပ်သားများအတွက် ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲဖြေဆိုရန်မလိုဘဲ ကိုရီးယားနိုင်ငံမှ ထွက်ခွာခဲ့သည်‌့နေ့မှ (၃)လ အတွင်း ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်သည်‌့ အခွင့်အရေး တစ်ရပ်ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့မှစ၍ သတ်မှတ်ဆောင်ရွက်လျက်ရှိပါသည်။

– ထိုစနစ်အရ သတ်မှတ်ချက်နှင့်အကျုံးဝင်သည်‌့ နိုင်ငံခြားသားအလုပ်သမားသည် ကိုရီးယား သမ္မတနိုင်ငံမှ မိမိဆန္ဒအလျောက် မိခင်နိုင်ငံသို့ တရားဝင်ပြန်လည်ထွက်ခွာရပါမည်။

– မထွက်ခွာမီ မိမိအလုပ်လုပ်ကိုင်နေသော အလုပ်ရှင်နှင့်အလုပ်အကိုင်ဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုခဲ့ရပါမည်။ စာချုပ်မိတ္တူရယူခဲ့ရန် သတိပြုရပါမည်။

– မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရာတွင် အင်ချွန်းလေဆိပ်၊ ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာန၌မိမိ၏လက်ရှိ နိုင်ငံခြားသားအလုပ်သမားကတ်ပြားကို အပ်နှံခဲ့ရန်လိုပါသည်။

– မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်နှင့် ရက်သတ္တ တစ်ပါတ်အတွင်း ရန်ကုန်တိုင်းဒေသ ကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ နဂါးရုံဘုရားလမ်းရှိ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)သို့လူကိုယ်တိုင်သတင်းပေးပို့ ရပါမည်။

– ထိုသို့သတင်းပေးပို့ရာတွင် နိုင်ငံကူးလက်မှတ်အမှတ်၊ မိမိအလုပ်ရှင်နှင့် ချုပ်ဆိုခဲ့သော အလုပ်အကိုင်ဆိုင်ရာ သဘောတူစာချုပ် Standard Labour Contract ၊ နိုင်ငံသားစိစစ် ရေးကတ်၊ အိမ်ထောင်စုစာရင်း မူရင်း/မိတ္တူ၊ ပတ်စပို့အရွယ် ဓါတ်ပုံ(၂)ပုံစသည်‌့ စာရွက် စာတမ်းများ ယူဆောင်လာရန်လိုအပ်ပါသည်။

– POEA တွင် သတင်းပို့ပြီးပါက POEA က ထိုအလုပ်သမား ကိုရီးယားသမ္မတနိုင်ငံမှ ထွက်ခွာခဲ့သည်‌့နေ့ရက်မှ (၃)လပြည်‌့ပြီးသည်နှင့် ကိုရီးယားနိုင်ငံသို့ ထွက်ခွာရမည်‌့ နေ့ရက်များတို့ကို အလုပ်သမားပေးထားသည်‌့ လိပ်စာ၊ ဖုန်းနံပါတ်များသို့ ဆက်လက်အကြောင်းကြား ဆောင်ရွက် ပေးမည်ဖြစ်ပါသည်။

– မြန်မာနိုင်ငံတွင် နေထိုင်သည်‌့ကာလ (၃)လမပြည်‌့မီ(၂)ပတ်အလိုတွင် POEA နှင့် HRD-Korea တို့ အသိအမှတ်ပြုထားသည်‌့ သတ်မှတ်ထားသည်‌့ ဆေးခန်းများတွင် ဆေးစစ်ရပါမည်။ ဆေးအောင်ပါက ဝန်ဆောင်စရိတ်ပေးသွင်းပြီး ဗီဇာလျှောက်ထားရပါမည်။

– ဗီဇာလျှောက်ထားရန်အတွက် ပြစ်မှုတစ်စုံတစ်ရာမရှိကြောင်း သက်ဆိုင်ရာရဲစခန်း၏ ထောက်ခံချက်နှင့် အိမ်ထောင်စုစာရင်း မူရင်းတို့အား နိုတြီဘာသာပြန်ဆိုချက်တို့ အချိန်မီပြုလုပ်ရန် လိုအပ်ပါမည်။

– ထွက်ခွာရက်သိရှိသည်နှင့် ထိုရက်မတိုင်မီ တစ်ပါတ်အလိုတွင် မိဘ(သို့မဟုတ်) အုပ်ထိန်းသူ (သို့မဟုတ်) ဆွေမျိုးရင်းချာ(၂)ဦးတို့မှ ခံဝန်ကတိလက်မှတ်ရေးထိုးခြင်းကို ဆောင်ရွက်ရပါမည်။ ထိုခံဝန်ကတိပြုလုပ်ခြင်းနှင့် ပတ်သက်သည်‌့ကိစ္စများအား POEA မှတာဝန်ရှိဝန်ထမ်း များက အသေးစိတ်ဆက်လက် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါသည်။

– အသေးစိတ်သိရှိလိုသည်များရှိပါက အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီရုံး၊ ဖုန်းအမှတ်-(ဝ၁) ၆၆၇၇၅၄ နှင့် (ဝ၁)၆၅၆၈၄၃ သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။