ခုံသမာဓိကောင်စီ၏ Golden Forest Co., Ltd (ဆောက်လုပ်ရေးလုပ်ငန်း) နှင့် ဦးအောင်ကျော်မင်း(အလုပ်သမား) တို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၂၈/၂၀၁၉)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မင်းသိဒ္ဓိကျော်စွာလမ်း၊ အမှတ် (၈၁/၈၂) ရှိ Mr. Lin Hui Chun, ဦးဇော်ဇော်အောင် (Director/ အလုပ်ရှင်) Golden Forest Co., Ltd (ဆောက်လုပ်ရေးလုပ်ငန်း) နှင့် အလုပ်သမား ဦးအောင်ကျော်မင်း တို့အကြားဖြစ်ပွားသော အငြင်းပွားမှုအား လှိုင်သာယာမြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက် ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးဖေအောင်ဝန် အဖွဲ့ဝင်များ ဖြစ်သော ဒေါ်မြတ်မြတ်ကျော် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၂၈/၂၀၁၉) ဖြင့် ၉-၁၂-၂၀၁၉ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေးဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ.. (82)