ခုံသမာဓိကောင်စီ၏ OK ကြာဇံစက်ရုံ နှင့် ဦးလှမျိုးထွန်း ပါ အလုပ်သမား (၁၉) ဦး တို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၁၉/၂၀၁၉)

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ သံဒင်းလမ်း၊ အမှတ် (၃၀၂/၃၀၅) ရှိ ဦးအောင်ဝင်း(အလုပ်ရှင်)၊ ဦးစိုးလွင် (အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ)၊ OK ကြာဇံစက်ရုံ နှင့် ဦးလှမျိုးထွန်း ပါ အလုပ်သမား (၁၉) ဦး တို့အကြားဖြစ်ပွားသော အငြင်းပွားမှုအား ရွှေပြည်သာမြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက် ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှု အပေါ် ခုံသမာဓိကောင်စီမှ ဒေါ်စန်းစန်း အဖွဲ့ဝင်များ ဖြစ်သော ဦးထွန်းအောင် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၁၉/၂၀၁၉) ဖြင့် ၂၉-၁၀-၂၀၁၉ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေးဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ.. (30)