ထန်းတပင် အလုပ်သမားဆေးရုံကြီးမှ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုံရှိ၊ SMK Garment Co;Ltd.. အထည်ချုပ်စက်ရုံသို့ ကွင်းဆင်းဆေးကုခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲအခမ်းအနား

ရန်ကုန်မြို့ ၊ အောက်တိုဘာ လ (၁၃) ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဖူလုံရေးအဖွဲ့၊ ထန်းတပင်အလုပ်သမားဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာရာဇာဌေး နှင့်အဖွဲ့သည် ၁၃-၁၀-၂၀၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင် စက်မှုဇုန်ရှိ SMK Garment Co;Ltd အထည်ချုပ်စက်ရုံသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသခြင်း နှင့်ကျန်းမာရေးအသိပညာပေးဟောပြောခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါစက်ရုံရှိ အာမခံအလုပ်သမားစုစုပေါင်း(၁၃၂) ဦးအား ဆေးကုသမှုပြုလုပ်ပေးခဲ့ပြီး ကျန်းမာရေးနှင့်ပတ်သက်သော သိကောင်းစရာများအား ဟောပြောခဲ့ပါသည်။