အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခြင်း ၊ မန္တလေး

မန္တလေးမြို့၊ စက်တင်ဘာ လ (၁၂) ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ မန္တလေးအလုပ်သမားဆေးရုံမှ ဆေးရုံအုပ်ကြီးဒေါက်တာခင်နွဲ့ဌေး ဦးဆောင်သော အထူးကု ဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၁၂-၉-၂၀၁၇ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့ရှိ Unilever EAC Myanmar Com;Ltd စက်ရုံသို့သွားရောက်၍ အာမခံအလုပ်သမားများအား ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသရာတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် Unilever EAC Myanmar Com;Ltd စက်ရုံရှိ အာမခံအလုပ်သမား (၂၁၇) ဦးအား ဆေးကုသမှုပေးခဲ့ပြီး လူနာ(၂၇) ဦးကို မန္တလေးအလုပ်သမားဆေးရုံကြီးသို့ ဆေးရုံအတွင်းလူနာအဖြစ် ကုသမှုပေးရန်လွှဲပြောင်းခဲ့ပါသည်။ ထိုသို့ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ရာတွင် ဆေးပညာခွဲစိပ်သားဖွားနှင့် မီးယပ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အရိုးနှင့် ထိခိုက်ဒဏ်ရာဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၊ သွားနှင့်ခံတွင်းဆရာဝန်များ၊ အကြောအဆစ် ဆေးဘက်ဓာတ်ခွဲကျွမ်းကျင်ဆရာဝန်များ၊ သူနာပြုများ စုစုပေါင်း (၃၀) ဦးပါဝင် ပါသည်။
ထို့နောက် ဆေးရုံအုပ်ကြီးနှင့် ဆေးကုသရေးအဖွဲ့သည် အာမခံအလုပ်သမားများအား ကူးစက်ရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေး ဆွေးနွေးခဲ့ပြီး Facial Mask များနှင့် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။