EDMS နှင့် Internet & e-mail အသုံးချမှုသင်တန်းအမှတ်စဉ်(၁/ ၂၀၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊  ဒီဇင်ဘာလ  ၅ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ EDMS နှင့် Internet & e-mail အသုံးချမှုသင်တန်းအမှတ်စဉ် (၁/ ၂၀၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို၅-၁၂-၂၀၁၈ ရက်နေ့နံနက်(၉:၃၀) နာရီအချိန်တွင်နေပြည်တော်၊လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ သင်တန်းခန်းမ(၁)၌ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ညွှန်ကြားရေးမှူး၊ဒုတိယညွှန်ကြားရေးမှူးများ၊လက်ထောက်ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊သင်တန်းအုပ်ချုပ်သူများနှင့်သင်တန်းသား/သူ(၅၀)ဦးတို့တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတာဝန်ခံမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းစည်းကမ်း များကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကို နံနက် (၁၀:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါ သည်။ လူမှုဖူလုံရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်လျှက်ရှိသောဝန်ထမ်းများအားရုံးလုပ်ငန်းများ လက်တွေ့လုပ်ဆောင်ရာတွင် ကွန်ပျူတာနည်းပညာအသုံးပြု၍ လျှင်မြန်စွာ ဆောင်ရွက်တတ်စေ ရန်ရည်ရွယ်၍ သင်တန်းသား/သူ (၅၀)ဦးတို့အား ၅-၁၂-၂၀၁၈ ရက်နေ့မှ ၁၁-၁၂-၂၀၁၈ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ပါသည်။