ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီးမြို့၊ လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာနများသို့့ရွေ့လျားဆေးကုသယာဉ် (MMU) ဖြင့် လုပ်ငန်းခွင် အရောက် ဆေးကုသမှုပေးခြင်း

တောင်ကြီးမြို့၊ ဇူလိုင် လ ၁၇ ရက်
တောင်ကြီးမြို့၊ လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်(MMU) ဖြင့် ၃-၇-၂၀၁၇ ရက်နေ့ မှ ၁၄-၇-၂၀၁၇ ရက်နေ့အထိလုပ်ငန်းခွင်အရောက် ဆေးကုသမှုပေးခဲ့ပါသည်။
ရှမ်းပြည်နယ်အတွင်းရှိတောင်ကြီးမြို့နယ်၊ အေးသာယာမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် တောင်ကြီးမြို့နယ်ပင်းပက်ကျေးရွာများမှ စုစုပေါင်းအလုပ်ဌာန (၄၅)ဌာန ရှိအာမခံအလုပ်သမား (၁၃၂၈)ဦးအား ပြည်နယ်တာဝန်ခံ၏ဦးဆောင်မှုဖြင့် မြို့နယ်တာဝန်ခံ၊ ဒုတိယဦးစီးမှူးများ၊ တောင်ကြီးဆေးခန်းတာဝန်ခံဆရာဝန်၊ အေးသာယာဆေးခန်းတာဝန်ခံ ဆရာဝန် ၊ရုံးခွဲဝန်ထမ်းများနှင့် ဆေးခန်းဝန်ထမ်းများမှတာဝန်ယူ၍ ရွေ့လျားဆေးကုသယာဉ် Mobile Medical Unit (MMU) ဖြင့် အခမဲ့ဆေးကုသမှုနှင့် ဓါတ်ခွဲစမ်းသပ်မှုများကိုဆောင် ရွက်ပေးခဲ့ပါသည်။
အဆိုပါအစီအစဉ်အား အလုပ်ဌာနများရှိ တာဝန်ရှိသူများနှင့် အာမခံအလုပ်သမားများမှ ကျေနပ်နှစ်သက်မှုရှိကြပြီး Mobile Medical Unit (MMU) ဖြင့်ဆေးကုသမှုအား (၆) လ တစ်ကြိမ်ခန့်လာရောက်ကုသစေလိုကြောင်း အကြံပြုကြပါသည်။

Taunggyi
အေးသာယာ လူမှုဖူလုံရေးဆေးခန်းတာဝန်ခံ ဆရာဝန် ဒေါက်တာအောင်ကျော်မြင့်မှ တီကျစ်ကျောက်မီးသွေးစက်ရုံရှိ အာမခံအလုပ်သမားများအား ဆေးကုသပေးနေစဉ်

Taunggyi2
တောင်ကြီးမြို့ လူမှုဖူလုံရေးဆေးခန်း တာဝန်ခံဆရာဝန် ဒေါက်တာခင်မျိုးသူမှ အမှတ် (၂) သံမဏိစက်ရုံ ပင်းပက်ရှိ အာမခံအလုပ်သမားများအား ဆေးကုသမှု ပေးနေစဉ်