အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် PartnerAssociates International Co.,Ltd တို့ တွေ့ဆုံ၍ Chip Based Smart Card အကြောင်းရှင်းလင်းဆွေးနွေးပွဲကျင်းပခြင်း

နေပြည်တော်၊ စက်တင်ဘာလ ၁၉ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ နှင့် Partner Associates International Co.,Ltd တို့တွေ့ဆုံ၍ Chip Based Smart Card အကြောင်း ရှင်းလင်းဆွေးနွေးပွဲပြုလုပ်ခြင်း အခမ်းအနားကို ၁၉-၉-၂၀၁၇ ရက်နေ့(၁၃:၀၀)နာရီ အချိန်တွင် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) အစည်းအဝေးခန်းမ ( ၁ ) ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် Infenion Technologies အဖွဲ့အစည်းမှ ၎င်း၏ဌာနေကိုယ်စားလှယ်ဖြစ်သော Mr. Soon Seng Yong, John, Mr.Eric Francis Dany Bultel, Partner Associates International Co.,Ltd မှ ဒေါ်ဖြူဖြူသင်း၊ ဒေါ်စန္ဒာလွင်တို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ဆွေးနွေးပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးမှ ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီးဆွေးနွေးပွဲသို့ တက်ရောက်သူများနှင့်မိတ်ဆက်ပေးခဲ့ပါသည်။ ဆက်လက်၍ Partner Associates International Co.,Ltd မှလည်း ပြန်လည်မိတ်ဆက်ပေးပြီး လူမှုဖူလုံရေးအဖွဲ့တွင် လက်ရှိအသုံးပြုနေသော Smart Card များအစား ပိုမိုကောင်းမွန်သည့် Chip Based အသုံးပြု Smart Card များထုတ်ပေးနိုင်သည့် နည်းပညာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။