အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့

ဇူလိုင် လ ၁၁ ရက်
မန္တလေးအလုပ်သမားဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာခင်နွဲ့ဌေး ဦးဆောင်သော အထူးကုကွင်းဆင်းဆေးကုသမှုအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့စက်မှုဇုန်ရှိ အေသုံးလုံးဘိလပ်မြေစက်ရုံသို့ ၁၁-၇-၂၀၁၇ ရက်နေ့တွင် သွားရောက်၍ ဆေးကုသမှုပြုလုပ် ခဲ့ရာ တပ်မတော်သားရေစက်ရုံရှိ အာမခံအလုပ်သမား ကျား (၇၈) ဦး ၊ မ (၇၇) ဦး စုစုပေါင်း (၁၅၅) ဦးကို ဆေးကုသမှုပေးခဲ့ပြီး လူနာ(၁၈)ဦးကို မန္တလေးအလုပ်သမားဆေးရုံကြီးသို့ ဆေးရုံအတွင်းလူနာအဖြစ် ကုသမှုပေးရန် လွှဲပြောင်းခဲ့ပါသည်။
အဆိုပါ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုအဖွဲ့တွင် ဆေးရုံအုပ်ကြီး ဆေးပညာ ခွဲစိပ် သားဖွားနှင့် မီးယပ် မျက်စိ နားနှာခေါင်းလည်ချောင်း အရိုးနှင့် ထိခိုက် ဒဏ်ရာဆိုင်ရာ အထူးကုဆရာဝန်ကြီးများ သွားနှင့်ခံတွင်းဆရာဝန် အကြောအဆစ် ဆေးဘက် ဓာတ်ခွဲကျွမ်းကျင်များ သူနာပြုများ စုစုပေါင်းကျန်းမာရေးဝန်ထမ်း အင်အား(၃၀) ပါဝင်ပါ သည်။
ဆေးရုံအုပ်ကြီးနှင့် အဖွဲ့သည် အာမခံအလုပ်သမားများကို နာတာရှည်မကူးစက်နိုင်သော ရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

Mandalay1
အထူးကုဆရာဝန် (ဆေးပညာ)နှင့် လက်ထောက်ဆရာဝန်များက ဆေးကုသမှု ပေးနေစဉ်

Mandalay2
အထူးကုဆရာဝန် (ခွဲစိပ်)နှင့် လက်ထောက်ဆရာဝန်များက ဆေးကုသမှုပေးနေစဉ်

Mandalay4
အထူးကုဆရာဝန် (မျက်စိ)နှင့် လက်ထောက်ဆရာဝန်များက ဆေးကုသမှုပေးနေစဉ်

Mandalay6
ဆေးဝါးကျွမ်းကျင် (ကိုယ်ကာယ) က ဆေးကုသမှုပေးနေစဉ်