မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလာလက်တွန်းထွန်စက် စက်ရုံ၌ရာသီတုပ်ကွေး A (H1 N1) ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း

မန္တလေး ၊ သြဂုတ်လ ၇ ရက်
မန္တလေးအလုပ်သမားဆေးရုံမှ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများ အဖွဲ့သည် ၇-၈-၂၀၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလာ လက်တွန်းထွန်စက်စက်ရုံ ရုံးခန်း၌ ရာသီတုပ်ကွေး A(H1N1) ကျန်းမာရေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးအလုပ်သမားဆေးရုံကြီးမှ ဆရာဝန်များ၊ သူနာပြုများ၊ မန္တလေးတိုင်းဒေသကြီး၊ လူမှုဖူလုံရေးတိုင်းရုံးမှ တာဝန်ခံအရာရှိများ၊ ဆေးခန်း တာဝန်ခံဆရာဝန်နှင့် သူနာပြုများ၊ မန္တလာလက်တွန်းထွန်စက်စက်ရုံရှိ ဝန်ထမ်းများ၊စုစုပေါင်း (၁၀၀) ဦးတို့တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် မန္တလေးအလုပ်သမားဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာ ခင်နွဲ့ဌေးမှ မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး ဆေးရုံကြီး၏ဖျားနာကုသဆောင် လက်ထောက် ဆရာဝန်၊ ဒေါက်တာ ဝင့်ရွှေရည်ထက်မှ ရာသီတုပ်ကွေး A(H1N1) ရောဂါနှင့်ပတ်သက်သည့် ကပ်ရောဂါသမိုင်း၊ ရောဂါပိုးဗိုင်းရပ်အကြောင်းနှင့် ကူးစက်ပုံရောဂါလက္ခဏာများ၊ ရောဂါ သတ်မှတ်ခြင်းနှင့် ပြင်းထန်မှုအဆင့်များ၊ ဆောင်ရန် (လိုက်နာရန်)နှင့် ရှောင်ရန်(ရှောင်ကြဉ်ရန်) များ၊ အဆင့်ပွားရောဂါများ၊ ရောဂါကုထုံးများ၊ အကျဉ်းချုပ် တုပ်ကွေးရောဂါကာကွယ်ရေး နည်းလမ်းများ၊ Mask တပ်ဆင်ပုံ၊ တပ်ဆင်နည်းများ၊ ကြိုတင်ကာကွယ်နိုင်သောလက်ဆေးခြင်း သရုပ်ပြခြင်းများ စသည်တို့ကို ဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်နှင့် Facial Mask များဝေငှပေးခဲ့ပါသည်။
အခမ်းအနားတွင် အလုပ်သမားဆေးရုံအုပ်ကြီးမှ ကျန်းမာရေးအသိပညာပေး ဟောပြောစဉ်
Screenshot_1

အခမ်းအနားတွင် လက်ထောက်ဆရာဝန်မှ ကျန်းမာရေး အသိပညာပေး ဟောပြောစဉ်
Screenshot_2