အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခြင်း

မန္တလေး ၊ အောက်တိုဘာ လ ၁၀ ရက်
မန္တလေးအလုပ်သမားဆေးရုံမှ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများ အဖွဲ့သည် ၁၀-၁၀-၂၀၁၇ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်နှင့် စာအုပ်ထုတ်ဝေးရေးဦးစီးဌာန၊ အထက် မြန်မာပြည်ပုံနှိပ်စက်ရုံသို့သွားရောက်၍ ဆေးကုသမှုများပြုလုပ်ခဲ့ပါသည်။ အဆိုပါ ကွင်းဆင်းဆေး ကုသရာတွင် ဆေးရုံအုပ်ကြီး၊ ဆေးပညာ ခွဲစိပ်၊ သားဖွားနှင့် မီးယပ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အရိုးနှင့် ထိခိုက်ဒဏ်ရာဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၊ သွားနှင့်ခံတွင်းဆရာဝန် များ၊ အကြောအဆစ် ဆေးဘက် ဓာတ်ခွဲကျွမ်းကျင်များ၊ သူနာပြုများ စုစုပေါင်းကျန်းမာရေး ဝန်ထမ်း (၃၀) ဦးပါဝင်ပါသည်။
ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်နှင့် စာအုပ်ထုတ်ဝေးရေးဦးစီးဌာန၊ အထက် မြန်မာပြည်ပုံနှိပ်စက်ရှိ အာမခံအလုပ်သမား စုစုပေါင်း(၈၈) ဦးအား ဆေးကုသမှုပေးခဲ့ပြီး လူနာ(၄၁) ဦးကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။ ထို့နောက် အာမခံအလုပ်သမားများ အား ကူးစက်ရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေးခဲ့ပါသည်။