Insurance Monthly Report Excel သင်တန်းအမှတ်စဉ် (၃/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ စက်တင်ဘာ လ ၁၆ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ Insurance Monthly Report Excel သင်တန်းအမှတ်စဉ် (၃/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၆-၉-၂၀၁၉ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုမှ သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သတင်းအချက်အလက်နှင့် နည်းပညာဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဘေဘီစိုးမှ သင်တန်းတွင်သင်ကြားပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါသင်တန်းကို ၁၆-၉-၂၀၁၉ ရက်နေ့မှ ၂၀-၉-၂၀၁၉ ရက်နေ့အထိ သင်ကြားပေးသွားမည် ဖြစ်ပါသည်။
အဆိုပါ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြား ရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် သင်တန်းသား/သင်တန်းသူ(၅၇) ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၀:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။